တရားအားထုတ်ခြင်းအကြောင်း
ပုဗ္ဗကိစ္စငါးပါး ပြုရခြင်းအကြောင်း နှင့် အကျိုး
(၁) မိမိခန္ဓာကိုယ်ကို မြတ်စွာဘုရားအား လှူဒါန်းရခြင်း၏ အကြောင်း နှင့် အကျိုး
တရားအားထုတ်သောအခါတွင် မကောင်းသော အာရုံနိမိတ်များ ထင်၍ ကြောက်လန့်စိတ်များ ဖြစ်ပေါ်တတ်သည်။ ထိုကဲ့သို့ တွေ့ကြုံခဲ့လျှင် ငါ၏ ခန္ဓာကိုယ်အား မြတ်စွာဘုရားအားလှူဒါန်းထားသည် ယခုလို ကြုံတွေ့နေရသော်လည်း ငါမကြောက်ဟု ကြောက်လန့်စိတ်ကို ပယ်ဖျောက်ကာ တရားကို စူးစူးစိုက်စိုက် အားထုတ်နိုင်သည့် အကျိုးရှိသည်။ ထိုအကျိုးအတွက် လှူဒါန်းခြင်းအကြောင်းကို ပြုသည်။
(၂) တောင်းပန်ဝန်ချခြင်း၏ အကြောင်း နှင့် အကျိုး