February 22, 2009

သိုးပျောက်ခြင်း


တစ်ခါက ဇန်ဆန်း ဆိုတဲ့ သိုးကျောင်းသားလေး တစ်ယောက် ရှိတယ်။ သူဟာ အိမ်မှာ သိုးတွေမွေးထားတယ်။ တစ်မနက်ခင်းမှာ သိုးတွေကို မကျောင်းခင် ရေကြည့်တယ်။ ထပ်ကာ ထပ်ကာရေတယ်။ တစ်ကောင်ပျောက်နေတယ်။

“ဟာ … သိုးတစ်ကောင်လျော့နေတယ်။ ဘာလို့လဲ မသိဘူး”

သူဘာလို့လဲဆိုတာ သိချင်လို့ အဖြေရှာကြည့်တော့။ ခြံစည်းရိုး မှာ အပေါက်တစ်ပေါက် ပေါက်နေတာ တွေ့တယ်။ ဒါကြောင့်ဖြစ်မယ်လို့ သူတွေးတယ်။ အိမ်နီးနားချင်းတစ်ယောက်ကလည်းတွေ့တော့ နောက် ထပ် သိုးတွေ မရှုံးရအောင် အပေါက်ကို ချက်ချင်းပိတ်ဖို့ တိုက်တွန်း တယ်။ ဒါပေမယ့် ဇန်ဆန်းက ဂရုမစိုက်ဘူး။

“ကျွန်တော် သိုးတစ်ကောင် ရှုံးပြီးပြီပဲ ခြံအပေါက်ကို ပိတ် မယ်ဆိုရင်လည်း နောက်ကျသွားပါပြီဗျာ နေပါစေတော့။ ရှိပါစေတော့။”

နောက်တစ်နေ့မနက်မှာ သူ့သိုးတွေကို ရေတွက်ကြည့်ပြန် တယ်။ နောက်ထပ်သိုးတစ်ကောင် ထပ်ပျောက်နေပြန်တယ်။ ဒီအချိန်မှာ သူနောင်တ အကြီးအကျယ်ရနေပြီ။ သူသာ ခြံအပေါက်ကို ချက်ချင်း ပိတ်ပစ်လိုက်တယ်။ နောက်ထပ်သိုးတွေမပျောက်တော့ဘူး။


အမှားသေးသေးလေးကို ချက်ချင်း ကိုင်တွယ်ဖြေရှင်းသင့်ပါ တယ်။ ပြဿနာပိုကြီးလာအောင် စောင့်ကြည့်မနေသင့်ပါဘူး။ ပြဿနာ ကြီးလာရင် ဖြေရှင်းရပိုခက်တယ်။ ကုန်ကျစရိတ်လည်း ပိုများလာတယ်။ အမှားတိုင်းကို သေချာလေ့လာဆန်းစစ်ပြီးတော့ ဘာ့ကြောင့် ဒီလိုဖြစ်ရ တယ်ဆိုတဲ့ အကြောင်းရင်းကို ရှာရမယ်။ နောက်အလုပ်တွေအတွက် သင်ခန်းစာယူရမယ်။ နောင် ဒီလိုအမှားမျိုးထပ်မမှားတော့ဘူးပေါ့။


တင်ပြခဲ့တဲ့ ပုံပြင်လေးမှာ ဇန်ဆန်းဟာ သူ့အိမ်နီချင်းရဲ့ အကြံ ပေးတိုက်တွန်းချက်ကို အလေးထား လက်ခံဆောင်ရွက်ခဲ့မယ်ဆိုရင် သိုး နှစ်ကောင် ဆုံးရှုံးမှာ မဟုတ်ဘူးပေါ့။

1 comment:

ရွှန်းမီ said...

ကျေးဇူးပါအိမ်နီးချင်းကြီး ;-)