February 2, 2009

သားပျောက်

ဟိုးတစ်ခါတုန်းက မြို့တစ်မြို့မှာ ကုန်သည်လူငယ်တစ်ဦး နဲ့ သားလေးတစ်ယောက်ရှိခဲ့တယ်။ ကုန်သည်လူငယ်ဟာ သူ့ဇနီးဆုံးပြီးတဲ့ နောက် မိတဆိုးလေးဖြစ်နေရှာတဲ့ သူ့သားကို သိပ်ချစ်တယ်။ တစ်နေ့မှာ ကုန်သည်လူငယ် အိမ်မှာမရှိတုန်း ကလေးကို လူဆိုးတွေက ဖမ်းဆီးခေါ် ဆောင်သွားကြတယ်။ အိမ်က ထွက်မသွားမီ ဘေးအိမ်တွေကို မီးရှို့ ထားခဲ့ကြတယ်။ ကုန်သည်လူငယ် အိမ်ကို ပြန်ရောက်လာတော့ သူ့အိမ်ဘေးမှာ မီးလောင်ထားတဲ့ ကလေးအလောင်းတစ်လောင်းကို တွေ့တယ်။ သူဟာ သူသားကို သိပ်ချစ်တော့ ဖြေမဆည်နိုင်အောင် ဖြစ်ပြီး သူ့သားရဲ့ အရိုးပြာကို သူဘယ်သွားသွား သယ်သွားတယ်။


လပေါင်းများစွာကြာပြီးတဲ့အခါ သူ့သားငယ်လေးဟာ သူခိုး တွေလက်ကနေ ထွက်ပြေးလွတ်မြောက်လာပြီး သူ့အဖေရှိရာအိမ်ကို အပြေးပြန်လာခဲ့တယ်။ သူဟာ သူ့ဖေဖေအိမ်ကို ညသန်းခေါင် လောက် မှာ ရောက်တယ်။ မောလွန်နေလို့ အသံမပြုနိုင်ရှာဘူး တံခါးဖွင့်ပေးဖို့ တံခါးကိုခေါက်တယ်။ ဒါပေမယ့် သူ့အဖေက အိမ်နားပတ်ဝန်းကျင်က ခပ်နောက်နောက်ကလေးတွေ စတာနောက်တာထင်ပြီး တံခါးဖွင့်မပေး ဘဲ လျစ်လျူရှုပြစ်ထားလိုက်တယ်။ အဲဒီအခါ သားငယ်ဟာ တံခါလာ မဖွင့်ပေးတဲ့ ဖခင်ကို စိတ်နာပြီး အပြီးတိုင် ထွက်သွားခဲ့တော့တယ်။ ဒီ တစ်ခါတော့ သူ့ဖခင်ဟာ သားကို အမှန်တကယ် ထာဝရဆုံးရှုံးလိုက်ရ တော့တယ်။

အတိတ်ကနာကျင်မှုတွေ၊ စိတ်ပျက်နာကျည်းစရာတွေကြောင့် ငါ့တို့ရဲ့ နှလုံးသားတံခါးကို ဖွင့်မပေးဘဲ ပိတ်ထားလိုက်တော့မယ်ဆိုရင် နောက်ထပ် တံခါးခေါက် ပြီးဝင်လာမယ့် ငါတို့အတွက် ကောင်းခြင်း မင်္ဂလာတွေကို ပိတ်ပင်တား ဆီးရာရောက်ပါတယ်။

8 comments:

Anonymous said...

ကိုစိုင်းခမ်းထွန်းခင်ဗျား ...
အခုဝတ္ထုတိုလေးမှာ ကျွန်တော် ခံစားသိမြင် ရလိုက်တာလေးတွေကတော့ ....
သတ္တ၀ါတွေ ထဲမှာ လူဆိုတာ အစွဲအလန်းကြီးတတ်တဲ့ အမျိုးအစားအဖြစ်နဲ့ ထိပ်ဆုံးကပါတယ်ဆိုတာရယ် ...
မေတ္တာတရားနဲ့ ပတ်သတ်ရင် ပိုလို့တောင် ပြင်းအားများတယ် ဆိုတာရယ် ... နောက်
ူလူတွေရဲ့ အသေးအဖွဲ ကိစ္စတွေကို လျစ်လျူရှုထားတတ်တယ်ဆိုတဲ့ သဘောထားလေးတွေ၊ အဲလို သဘောထားတွေ မကြာခဏလက်ကိုင်ထားတတ်လို့လည်း ဆုံးရှုံးမှုကို ရင်ဆိုင်နေရတတ်တယ်ဆိုတာတွေကို
လှစ်ကနဲ မြင်လိုက်မိတယ် ... ကိုစိုင်းရေ ...
တိုပေမယ့် သိပ်ထိတဲ့ ၀တ္ထုလေး ... ပေးချင်တဲ့ Message ကိုလည်း ရတယ် ...
သိပ်ကောင်းတယ်ဗျာ ....

ခင်မင်လေးစားလျှက်

မောင်ဖားကြီး said...

message ပေးတာက မိုက်တယ်အစ်ကိုရေ... ဒါပေမယ့်
ကလေး အဖေကိုလည်း အပြစ်မဆိုသာဘူးလေ...
သူကလည်း ကြေကွဲစိတ်က မကုန်သေးလို့နေမှာပေါ့နော်...

JulyDream said...

ကျွန်တော့် တံခါးက စိရုံလေး စိထားတာပါ။ တွန်းဖွင့်တတ်ဖို့ပဲ လိုပါတယ် ခင်ဗျာ။

WWKM said...

အလွန်ကောင်းတဲ့ ပို့စ်လေးပါ မောင်လေးစိုင်းခမ်းထွန်း ရေ..

အတိတ်ကနာကျင်မှုတွေ၊ စိတ်ပျက်နာကျည်းစရာတွေကြောင့် ငါ့တို့ရဲ့ နှလုံးသားတံခါးကို ဖွင့်မပေးဘဲ ပိတ်ထားလိုက်တော့မယ်ဆိုရင် နောက်ထပ် တံခါးခေါက် ပြီးဝင်လာမယ့် ငါတို့အတွက် ကောင်းခြင်း မင်္ဂလာတွေကို ပိတ်ပင်တား ဆီးရာရောက်ပါတယ်။

ဝတ္တုလေးထဲက မောင်လေးပေးချင်တဲ့ Message လေးကို အစ်မ ထိထိမိမိ
တွေ့လိုက်ရပါတယ်ကွယ်။
ကျေးဇူးပါ မောင်လေးရေ။
အစ်မလဲ အခုတလော ပျင်းနေတာရယ် ၊ ဘာရေးရမှန်းမသိတာရယ်ကြောင့်
ပို့စ်ကောင်းကောင်း မရေးဖြစ်ဖူးရယ်။

မောင်လေးရဲ့ ၀တ္ထုလေးအတွက် ကျေးဇူးပါနော်။

Anonymous said...

ကိုစိုင်းကြီး.. ဖတ်ရတာ အနှစ်သာရ ရှိတယ်ဗျာ။ စာရေးကောင်းလျက်နဲ့ ပျောက်ပျောက်မသွားပါနဲ့ဗျ။ လုပ်စမ်းဘာ..။ ဆက်လက်အားပေးနေမယ်ဗျို့။

ဒေါင်းမင်း said...

ဒီဝတ္ထုလေးကတော့တကယ်ကိုအသိတွေရပါတယ်....

Anonymous said...

ဝတ္တုလေးကဖတ်လို့ကောင်းတယ် ဆိုလိုခြင်တဲ့ သဘောလေးကိုလည်း နားလည်ပြီး ဘ၀အသိတွေတိုးပါတယ်.. ကိုစိုင်းထွန်းဆက်ရေးပါ..

stinoos said...

dolabuy replica bags in bangkok description replica bags online pakistan top article replica bags louis vuitton