မြန်မာ့ သူရဲကောင်းကြီး ကျန်စစ်သားသည် လှံစကြာ ပိုင်မပိုင်။
ကျွန်တော် ဘာမျှ သိပ်မသိပါ။
သိလိုသောကြောင့် မေးမြန်းခြင်းသာ ဖြစ်ပါသည်။
ပြောသမျှကို နားထောင်ပါမည်။
ကွန်မန့်တွင် ပြောထားခဲ့နိုင်ပါသည်။
ပြောသမျှကို ဖော်ပြသင့်သည်ထင်သောကြောင့် စတင် ဆွေးနွေးတင်ပြပါသည်။
ကိုသီဟရဲ့ အမြင်
သမိုင်းဆိုတာတယောက်စကားတယောက်နားနဲ့မှတ်တမ်းတင်ထားတွေရောနေလို့သူသံပုရာသီးစားပြီးချိန်ကတည်းက သေတဲ့အချိန်အထိလှံကိုသုံးတယ်လို့မဖတ်ဖူးဘူးဗျ..ဟုတ်လားဟင်?
ကိုဆိုးသွမ်း
အနော်ရထာကနေ ကျန်စစ်သား ထိ လှံစကြာ ပိုင်ဆိုင်ပြီး မြေးတော် အလောင်းစည်သူ လက်ထက်မှာ သူ့အလိုလို ပြန်ပျောက်ကွယ်သွားတယ်လို့ ကျွန်တော် ဖတ်ဖူးပါတယ်။ ကိုစိုင်းရေ။ အသေအချာတော့ မသိပါဘူး။
ကိုမိုးမောင်
လှံစကြာကိစ္စက ဘယ်အထောက်အထားမှ ပြစရာမရှိဘူးနဲ့ တူတယ်.. ထင်တာပြောတာနော်
ရွာသားလေးဝိုင်တီယူ
သမိုင်းပြီးရင် အင်းစိန်ပြဿနာရှင်းခိုင်းမှာမဟုတ်လား မရှင်းပေးတတ်ဘူးဗျ
July 28, 2008
July 27, 2008
ဒို့နှစ်ယောက်ရဲ့  အိပ်မက်
ကောင်မလေးရေ ...
နင်ဟာ ငါ့ရဲ့  အိပ်မက်လေးတစ်ခု။
ငါ့အိပ်မက်မှာ ...
အပြာရောင်ကောင်းကင်ကြီးပါတယ်
ငွေရောင်တိမ်စိုင်တွေလည်းပါတယ်
ကြယ်တွေစုံတဲ့ညလည်းပါတယ်
နှင်းဝေတဲ့ နံနက်ခင်းပါတယ်
ပုဇွန်ဆီရောင်ညနေချမ်းလည်းပါတယ်
လေတ၀ူးဝူးနဲ့ ကမ်းနဖူးလေးလည်းပါတယ်။
ကောင်မလေးရေ ...
အပြာရောင်ကောင်းကင်ကြီးမှာ
ငှက်ငယ်လေးတွေ ကမြူး
စွန်တစ်ကောင်ကို ကြိုးဖြေလျော့ပြီး
သွားလိုရာသွားဖို့လွတ်
ပြန်လာဖို့ ဘီးကိုရစ်
သြော် .... ငါဖြစ်စေချင်သလို
သူပြန်လိုက်သွားလိုက်
ရေလိုက် ငါးလိုက်။
ကောင်မလေးရေ ...
ငွေရောင်တိမ်စိုင်တွေက
ဆင်ရုပ်ကြီးထင်တော့
နင့်ပျော်တယ်ပေါ့ 
ငါလေ နင်ပျော်စေဖို့
တိမ်တွေကို လိုရာစု
ချာလီချာပလင် အတုလုပ်ပြီး
နင့်ကို တိမ်ရုပ်ရှင်ပြချင်တယ်
နင်ပျော်မှာသေချာတယ်။
ကောင်မလေးရေ ...
ကြယ်တွေစုံတဲ့ညမှာ
နင်နဲ့ငါ ငါနဲ့နင်
ကြယ်တွေကို မရေနိုင်မှန်းသိပေမယ့်
ရေရေ ကြည့်ကြမယ်
၁ ကနေ စမယ်
၁၅၀၀ ပြည့်ရင် အကြည့်ချင်းဆုံရော
ကဲ နင်ရင်တွေခုန်နေရောမဟုတ်လား။
ကောင်မလေးရေ ...
နှင်းတွေဝေနေတဲ့ နံနက်
ကန်ဘောင်လေးတစ်ဖက်တစ်ချက်က
လမ်းသွယ်သွယ် သေးသေးမှာ
နင်နဲ့ငါနဲ့ ငါနဲ့နင်နဲ့
ဘေးချင်းယှဉ်ပြီး လမ်းတွေလျှောက်
ပန်းတွေကောက်
ပန်းတွေသီပြီး နင့်ကိုပေး
နင်ပြုံးပြုံးလေးနဲ့ပန်
ကဲ ဘယ်လောက်များ ကဗျာဆန်လဲ။
ကောင်မလေးရေ ..
ပုဇွန်ဆီရောင် ညနေချမ်းမှာ
သစ်ရိပ်အေးအေးမှာ
ငါကထိုင် ငါ့ရင်မှာနင်ကမှီ
တီတီတာတာတွေ နင်ကပြော
ငါတော့ အမောကိုပြေပါရော။
ကောင်မလေးရေ ...
လေတ၀ူးဝူးနဲ့ ကမ်းနဖူးလေးမှာ
တို့နှစ်ယောက် တူယှဉ်ရပ်
လက်တွေတွဲ လေတွေထဲဖြန့်လိုက် ဆန့်လိုက်
ရယ်လိုက် ပြောလိုက် ပြောလိုက် ရယ်လိုက်
ခုခါလေးမှာ ဘာကိုမှ ဂရုစိုက်ပါနဲ့
လောကရဲ့  သားနဲ့ သမီးငယ်
နင်ရယ်ငါရယ် ငါရယ် နင်ရယ်
အပူတွေ အဆူတွေ ခဏမေ့ပြီး
ပင်လယ်ကြီးနဲ့ အော်အော်ပြီး စကားပြောမယ်
ပင်လယ်ကြီးကို ချစ်တဲ့အကြောင်း
လောကကြီးကို ချစ်တဲ့အကြောင်း
နင့်ကို ငါချစ်ကြောင်း
ငါ့ကို နင်ချစ်ကြောင်း
ကဲ .... ဘယ်လောက်များ ကောင်းလိုက်လဲ။
နင်လည်း ငါ့အချစ်တွေသိတော့
ငါလည်း နင့်အချစ်တွေ သိရောပေါ့။
ဒါတွေ ဒါတွေက
နင်ပေးတဲ့ ငါ့အိပ်မက်
ငါပေးတဲ့ နင့်အိပ်မက်
ဒို့နှစ်ယောက်ရဲ့  အိပ်မက်ပဲပေါ့။
လောကနီတိ (၁)
ပျင်းသောသူသည် အတတ် ဘယ်မှာ တတ်အံ့နည်း။
အတတ်မရှိသောသူသည် ဥစ္စာ ဘယ်မှာ ရအံ့နည်း။
ဥစ္စာမရှိသောသူသည် အဆွေခင်ပွန်း ဘယ်မှာ ရအံ့နည်း။
အဆွေခင်ပွန်းမရှိသူသည် ချမ်းသာ ဘယ်မှာ ရအံ့နည်း။
ချမ်းသာမရှိသောသူသည် ကောင်းမှု ဘယ်မှာ ပြုရအံ့နည်း။
ကောင်းမှုမရှိသောသူသည် နိဗ္ဗာန် ဘယ်မှာ ရောက်အံ့နည်း။
ကျွန်တော်အလွန်ကြိုက်သော လောကနီတိဖြစ်ပါသည်။

July 22, 2008
ကလေးတစ်ဦး၏ ငါတွေ့ မှတ်တမ်း (၂)
ကျွန်တော်တို့ မြို့လေး၏ တောင်ဖက်တွင် ပေ ၁၀၀၊ ၁၅၀ ခန့် ကျယ်သော ချောင်းတစ်ခု အနောက်မှ အရှေ့ သို့ စီးဆင်းနေပါသည်။ ထိုချောင်းလေးတွင် နွေအခါ ရေ အတော်နည်းပါသည်။ လူကြီး ပေါင်လယ်ခန့်ရှိပါမည်။ ကျောက်စရစ်ပေါသော ချောင်းဖြစ်ပါသည်။ နွေအခါတွင် ချောင်းထဲ၌ ရေညှိများ၊ ကျောက်ပွင့် အသေများ ဖြင့် အတော်ဆိုပါသည်။ ကျောက်ပွင့် အရှင်မှာ ကျောက်စရစ်တုံးလေးများတွင် တွယ်ကပ်နေပြီး၊ အစိမ်းရောင်ရှိပါသည်။ ကျောက်ကျောတုံးလေးများနှင့်တူပါသည်။ ရေစီးတွင် လှုပ်လှုပ် ဖြင့် အတော်လှပါသည်။ ကျွန်တော်တို့ ရေချိုစဉ် ထိမိ ခိုက်မိ၍ ကျောက်တုံးလေးများမှ ပြုတ်ထွက်လာသော ကျောက်ပွင့် စိမ်းစိမ်းလေးများကို ရေကူရင်း ဆယ်ယူ စားသောက်တတ်ကြပါသည်။ ကျောက်ကျောကဲ့သို့ပင်ဖြစ်ပါသည်။ သဘာဝကျောက်ကျော ဟုခေါ်ရမည် ထင်ပါသည်။ ကျွန်တော်တို့ ဒေသချောင်းများတွင် အလေ့ကျ သဘာဝအလျှောက်ပေါက်ပါသည်။ ကျောက်တုံးလေးများမှ ပြုတ်ထွက်လာပြီး ရက်အတော်ကြာလျှင် အညိုရောင်ပြောင်းသွားပြီး မလတ်ဆတ်တော့ပါ။
တစ်ခါတစ်ရံ မေမေသည် ကျောက်ပွင့်ကောဟင်းလုပ်ပေးတတ်ပါသည်။ ကျောက်ပွင့်ကောဟင်းလုပ်ပုံကို ပြောပြလိုပါသေးသည်။ ချောင်းထဲမှ လတ်လတ်ဆတ်ဆတ်ကျောက်ပွင့် စိမ်းစိမ်းလေးများကို အများကြီးရအောင် ဆယ်ယူ၍ မနက်ဈေးတွင် ရောင်းချသူများရှိပါသည်။ ကျွန်တော်တို့ မြို့လေးမှာ ခုထိ မနက်ဈေးသာ ဖွင့်နိုင်ပါသေးသည်။ သိပ်မတိုးတက်လှသေးပါ။ ထိုကျောက်ပွင့်စိမ်းစိမ်းလေးများကို ရေတွင် စိမ်းထားပါသည်။ ညှိုမသွားစေရန်အတွက် ဖြစ်ပါသည်။ ကျောက်ပွင့်ပေါ်ချိန်တွင် ချယားသီး သီးပါသည်။ ချယားသီးအစိမ်းမှာ အတော်ဖန်ပါသည်။ ချယားသီးဆိုသည်မှာ ခရေသီးပင်ခြစ်ပါသည်။ ကျွန်တော်တို့ဒေသတွင် ခရေဟု မခေါ်ကြပါ။ ချယားပန်း၊ ချယားပင်၊ ချယားသီး ဟုသာခေါ်ပါသည်။ မေမေ ကျောက်ပွင့်ကောမည်ဆိုလျှင် ချယားသီးကောက် ရန်တာဝန်ယူသူမှာ ကျွန်တော်တို့ ညီအစ်ကို ၂ ယောက်ပင်ဖြစ်သည်။ ညနေပိုင်းတွင် ချယားသီးများ မြေပြင်တွင် ကြွေကျနေကြပါသည်။ ကျွန်တော်တို့ အိမ်နှင့် အတော်လှမ်းလှမ်း ကုန်းပေါ်တွင် ချယားပင်ကြီးရှိပါသည်။ နွေရာသီ ညနေပိုင်းတွင် တဖြုတ်ဖြုတ်ကြွေနေသော ချယားသီးမည့် ကောက်ပြီး လုစားနေသော ကလေးများနှင့် ထိုချယားပင်ကြီး အောက်တွင် အတော်စည်ကားပါသည်။ ကျောက်ပွင့်ကောရန်မှာ ချယားသီးမှည့် မလိုပါ။ အသီးစိမ်းဖြစ်မှ ဖန်မှကောင်းပါသည်။ အသီးစိမ်းမှာ အလွန်ဖန်သောကြောင့် အချိုကြိုက်သော ကျွန်တော်တို့လို ကလေးအရွယ်များ မကောက်ကြပါ။ ထို့ကြောင့်ရလွယ်ပါသည်။
သို့သော် ကျောက်ပွင့်ကောလုပ်ရန် ချယားသီး ကောက်ခိုင်တိုင်း တစ်အိမ်သားလုံး ထမင်းစားမိုးချုပ်လေ့ရှိပါသည်။ အကြောင်းမှာ ကျွန်တော်တို့ ညီနောင် ၂ ဦးမှာ နှပ်တွဲလောင်း သူငယ်ချင်းများနှင့်အတူ ချယားသီးကြွေ လိုက်လုရင်း ကစားရင်းမိုးချုပ်မှ ကမန်းကတမ်း ချယားသီးစိမ်းကောက်ကာ အိမ်ကို အပြေးပြန်လေ့ရှိသောကြောင့်ပင်။
ချယားသီစိမ်းရလာလျှင် ရေစိမ်ထာသောကျောက်ပွင့်ကို ပထမအကြိမ် ရေနွေးဆူဆူထည့်ပြီးပိုသတ်ကာ ကျက်စေလိုက်ပါသည်။ ချယားသီးကိုလည်း ဒုတိယအကြိမ်ရေနွေးမထည့်မီ ရေနွေးပူပူဖြင့်နူးကာချေပြီး အစေ့ကို ချန်ပြီး အသားချည်းယူကာ ကျောက်ပွင့်ထဲသို့ ရောထည့်ရပါသည်။ ဆား၊ အချို့မှုန့် သင့်ရုံထည့်ပြီး ကျောက်ပွင့်စိမ်းနှင့် ချယားသီးစိမ်းတို့ကိုရောကာ ရေနွေးပွက်ပွက်ဆူကို ကျောက်ပွင့် မြုပ်ရုံထည့်ပြီး။ ဇွန်းဖြင့် ဆား၊ အချိုမှုန့် သမအောင်မွေနှောက်ပြီးနောက် စားရုံပင်ဖြစ်ပါသည်။ ကျွန်တော်တို့ ဒေသဖတ်တွင်သာ ရှိသော ဟင်းလျာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။ ရေညှိကောဆိုသော ဟင်းတစ်မည်လည်း ကျန်ပါသေးသည်။

July 21, 2008
ကလေးတစ်ဦး၏ ငါတွေ့ မှတ်တမ်း
တဲသာသာ အိမ်လေးတစ်လုံး၏ နောက်ဖေးတွင် ၃ နှစ်သားအရွယ် ကလေးငယ်တစ်ယောက် မြေပြင်ပေါ်မှ အရာ တစ်ခုကို မ၀ံ့မရဲဖြင့် နင်းနေသည်။ သူ့ခြေထောက်မှာ ဖိနပ်မပါ ခြေဗလာ။ သူနင်းနေသောအရားကား ဆူးပါသော သစ်ရွက်။ သူတို့ ဒေသအခေါ် နွားခရမ်းပင်၏ အရွက်ခြောက်များ။ နွားခရမ်းပင်သည် သူတို့ ဒေသတွင် အလေ့ကျပေါက်သည်။ လမ်းဘေး ခြုံမရှင်းလျှင် တောထနေတတ်သည်။ နွားခရမ်းရွက်တွင် လက်မ၀က်ခန့်ရှည်သော ဆူးကလေးများပါသည်။ စိုနေစဉ်ပျော့နေပြီး၊ ခြောက်သွားလျှင်မာပြီး၊ နင်းမိလျှင် စူးတတ်ပါသည်။
သူ့ခြေထောက်တွင် နွားခရမ်းဆူးခြောက်ကလေးများစူးဝင်နေသည်။ ခြေဖျားလေးထောက်၍ ထောက်၍ တစ်လှမ်းခြင်း သူနေရာ တဲအိမ်လေးထဲသို့ တရွေ့ ရွေ့  ၀င်သွားသည်။ သူခြေထောက်မှာ ဆူးစူး၍ နားနေဟန်ရှိသည်။ ထိုကလေးငယ်မျက် လုံးများမှာ ထူးဆန်းစွာ အရောင်တောက်လျက် ..
သူ့မိခင်၏ စက်ချုပ်စားပွဲသို့သွားသည် အပ်နှင့် အပ်ချည်ဗူးကို ယူသည်။ ပြီးလျှင်တဲကြမ်းပြင်ပေါ် ကျကျနန ဖင်ချထိုင်လိုက်ပြီး၊ သူ့ခြေဖ၀ါး လေးကို မယူလိုက်သည်။ ခြေဖ၀ါးတွင် နွားခရမ်း ဆူးချောင်းလေးများ ဟို တစ်ချောင်း ဒီတစ်ချောင်း စူးနစ်ဝင်နေသသည်။ အပ်ချည်ဗူးထဲမှ အပ်တစ်ချောင်းကို ထုတ်ယူလိုက်သည်။ သူ့ခြေဖ၀ါးတွင် စူးနစ်ဝင်နေသော ဆူးချောင်းလေးများကို မရဲတရဲဖြင့် အပ်ဖြင့် ထိုးဆွ ထိုးဆွပြီး ထွင်နေသည်။ လွယ်တော့မလွယ်။ ဆူးအချို့ က ကျိုးပြီး အသားထဲတွင် နစ်ကျန်နေသည်။ အထဲအထိထိုးပြီး ထွင်မှရသည်။ အသားထဲထိ နက်နက်ဆို အတော်နာသည်။ တော်တော် နက်လျှင် အတွင်းမှ သွေးများစိမ့်ထွက်လာပြီး။ စူးခနဲ နာသည်။ ဆူးတစ်ချောင်း အသားထဲမှ ထွက်လာလျှင် သူ့မျက်နှာ၌ ကျေနပ်သော အရိပ်ပြေးသွားသည်။
ဤသည်မှာ ထိုကလေးငယ်၏ စူးစမ်းလိုသော အလေ့တစ်ခု။

July 19, 2008
မြန်မာတို့၏ အသည်းနှလုံးကို အဖမ်းစားနိုင်ဆုံးပုဂ္ဂိုလ် နှင့် ပဟေဠိဆန်သော သူ၏နိဂုံး
အပိုင်း (၁)
အပိုင်း (၂)
အပိုင်း (၃)
အပိုင်း (၄)
အပိုင်း (၅)
နိုင်ငံရေးကို မရည်ရွယ်ပါ ပဟေဠိဆန်မှုကို သာတင်ပြခြင်းဖြစ်ပါသည်။
အပိုင်း (၂)
အပိုင်း (၃)
အပိုင်း (၄)
အပိုင်း (၅)
နိုင်ငံရေးကို မရည်ရွယ်ပါ ပဟေဠိဆန်မှုကို သာတင်ပြခြင်းဖြစ်ပါသည်။
July 18, 2008
July 17, 2008
July 15, 2008
Subscribe to:
Posts (Atom)
-
တစ်ခါက မျက်မမြင်ဘ၀ကို သိပ်ကို နာကျည်း ရွံမုန်းမိနေတဲ့ မျက်မမြင်မလေးတစ်ယောက်ရှိတယ်။ သူချစ်တဲ့ ကောင်လေးမှတစ်ပါး လူတွေအားလုံးကို သူမုန်းတယ်...
-
Original Link ငယ်ကမှတ်မိတာတစ်ခု။ မိုးတွင်း စပါးခင်းစိမ်းစိမ်းထဲ။ ဖားမျှားကြတာ။ ဖားမျှားတာက ငါးမျှားတာ ထက်မြန်သည်။ ဖားတွေက အတော်အစားပုတ်သည်။...