April 15, 2009

လာပြန်ပြီ ဆိုင်ကလုန်းမုန်တိုင်းတစ်ခု

ဘင်္ဂလာပင်လယ်အော်တွင် ဆိုင်ကလုန်းမုန်တိုင်းတစ်ခု စတင်ဖြစ်ပေါ်နေပြီဖြစ်သည်။ နောက် ၃ ရက်ခန့် အကြာတွင် ဘင်္ဂလားဒေရှ်နိုင်ငံနှင့် ရခိုင်ပြည်နယ်တို့နှင့် နီးလာမည် ဟု ခန့်မှန်းထားသည်။ ထိုအချိန်တွင် လေတိုင်နှုန်းသည် တစ်နာရီ မိုင် ၆၉.၁ မိုင်နှုန်းဖြင့် တိုက်ခတ်နေမည်ဟု ခန့်မှန်းသည်။

စတင်ဖြစ်ပေါ်ရာနေရာ

၁၂ နာရီခြား ရွေ့လျားရာလမ်းကြောင်း နှင့် လေတိုက်နှုန်းကို ပြထားသည်။

(၁) စတင်ဖြစ်ပေါ်စတွင် တစ်နာရီ ၄၀.၃ မိုင်နှုန်း

(၂) နောက် ၁၂ နာရီကြာပြီးနောက် တစ်နာရီ ၄၆.၁ မိုင်

(၃) နောက် ၁၂ နာရီကြာပြီးနောက် တစ်နာရီ ၅၇.၆ မိုင်

(၄) နောက် ၁၂ နာရီကြာပြီးနောက် တစ်နာရီ ၆၃.၄ မိုင်

(၅) နောက် ၁၂ နာရီကြာပြီးနောက် တစ်နာရီ ၆၉.၁ မိုင်

(၆) နောက် ၁၂ နာရီကြာပြီးနောက် တစ်နာရီ ၆၉.၁ မိုင်

ဤနေရာတွင် သွားကြည့်ပါ။




ဒီနေရာမှာလည်း ကြည့်ပါ။


ဒီမှာရော ကြည့်။




တခြား မိုးလေ၀သဌာနတစ်ခုကတော့ အောက်ပါအတိုင်း ခန့်မှန်းထားသည်။ လေတိုက်နှုန်း ၇၂ မိုင်ထိ ခန့်မှန်းထားသည်။ ရခိုင်ပြည်နယ်ထဲဝင်မလား။ ဘင်္ဂလားဒေရှ့်ဝင်မလား မသိသေးပါ။





မနှစ်က ဘလော်ဂါများ နာဂစ်မ၀င်မီ စောစောစီးစီး အော်ခဲ့ ပြောခဲ့ကြသည်။ မကြုံဖူးတော့ သိပ်အရေးမလုပ်ခဲ့ကြ။ နာဂစ်ဖြစ်တော့လည်း အလှူငွေထည့်ချင်စိတ်ပေါ်လာအောင် များစွာလှုံဆော်ခဲ့သူများမှာ ဘလော်ဂါများ။ ဘာဖြစ်ဖြစ် ကျွန်တော်ကတော့ လေးစားပါသည်။ မိမိတတ်နိုင်သည့်ဖက်မှ ၀ိုင်းကြ ၀န်းကြသည့် အလေ့အထလေး။ ယခုလည်း သတင်းရ၍ ကြိုတင် အသိပေးအပ်ပါသည်။ ဆိုင်ကလုန်းတစ်ခုတော့ ဘင်္ဂလားပင်လယ်အော်တွင် စတင်ဖြစ်ပေါ်နေပြီ။ လေတိုက်နှုန်းလည်း တဖြည်းဖြည်း ပြင်းထန်ကာ ဘင်္ဂလားဒေရှ့် သိုမဟုတ် ရခိုင်ပြည်နယ်ဖက်သို့ ဦးတည်နေသလိုရှိသည်။ ပင်လယ်ထဲတွင် ပင် ပျောက်ပျက်သွားလေမည်လား။ လေတိုက်နှုန်းအားကြီးကြီးဖြင့် နာဂစ်လိုပင် ကမ်းခြေထိ တက်လေမည်လား မသိနိုင်သေးပါ စောင့်ကြည့်ကြရမည့်တာဝန်။ ကြိုတင် သတိပေးကြရမည့် တာဝန် ကျွန်တော်တို့တွင် ရှိသည်။ ထို့ကြောင့် စောင့်ကြည့်ကြရန်နှိုးဆော်ပါသည်။ အလုပ်ခွင်ထဲမှ ဘင်္ဂလာလားလူမျိုးများကိုလည်း မုန်တိုင်း နီးလာ၊ ကြီးလာလျှင် သတိပေးကြပါကုန်။







ယခုတော့ စောင့်ကြည့်ကြရပါဦးမည်။

1 comment:

မသက်ဇင် said...

စိုင်းခမ်းထွန်းရေ---
လာကြည့်ပါတယ်--

သင်္ကြန်ရေလို အေးမြပါစေ--
မြန်မာပြည်သူများ--
သာယာဝပြောပါစေ---
ငြိမ်းချမ်းကြပါစေ--