April 28, 2009

လာပြန်ပြီ မုန်တိုင်းတစ်ခု (မြန်မာပြည်နှင့် အဝေးတွင် ဖြစ်ပါသည်)


ယနေ့ အိပ်ယာဝင်ခါနီး အမှတ်တမဲ့ မုန်တိုင်း ရှိမရှိ ၀င်စစ်မိသည်။ လာနေပြန်ပြီနောက် မုန်တိုင်း တစ်ခု။ မြန်မာပြည်နှင့်တော့ ဝေးပါသည်။ အင်ဒိုနီးရှားနားမှာ။ လေတိုက်နှုန်း သိပ်မပြင်းထန်သေးပါ သတိထားကြည့်ကြရန် အသိပေးလိုက်ရပါသည်။




ဝင်ကြည့်ရန် website များ

(၁) http://www.wunderground.com/tropical/

(၂) http://www.nrlmry.navy.mil/tc_pages/TC.html

(၃) http://www.tropicalstormrisk.com/

(၄) http://cimss.ssec.wisc.edu/tropic2/

April 27, 2009

အိုက်ပီး နှင့် မိုက်ကြီး (၁)

အိုက်ပီး ။ ။ မိုက်ကြီးရေ မင်း ဟိုကောင်မလေးကို ဘာလို့ ချစ်တာလဲကွ။
မိုက်ကြီး ။ ။ လှလို့ပေါ့ကွာ။ စိတ်သဘောလေးလည်း ကောင်းတယ်ကွ။
အိုက်ပီး ။ ။ ဟုတ်လို့လား သေချာလည်း စဉ်းစားပါဦး။
မိုက်ကြီး ။ ။ ဟုတ်တယ်။ သူမျက်နှာလေးက အတော်မိုက်တာ။ ကိုယ်လုံးကိုယ်ပေါက် ကလည်းပြောစရာမရှိဘူး။ အသားအရေ ကလည်း ညက်နေတာပဲ။ ငါတော့ သူ့ဆို အသေရရ အရှင်ရရပဲ။
အိုက်ပီး ။ ။ မင်းပြောတာ လွန်ပြီကွာ။ အဲဒီကောင်မလေး အသေကောင်ကြီး ကို မင်းဖက်ပြီး ၁ ပတ်တူတူ အိပ်ပြီး မနေနိုင်ပါဘူး။ မဖြစ်နိုင်တာ မပြောပါနဲ့။
မိုက်ကြီး ။ ။ မင်းကလည်းကွာ။ ဒါကတော့။ အဖြစ်ပြောတာပါ။ အသေကောင်ကြီးတော့ မင်းလည်း လိုချင်မလားကွ။ ဂန်းမသား။
အိုက်ပီး ။ ။ ဟာ သေနေတုန်းလည်း လှတုန်းပဲလေ။ မပုပ်အောင်လုပ်ပြီးထားပေးမယ်ကွာ။
မိုက်ကြီး ။ ။ တော်ပါကွာ။ ငါ့ကို မသာမကြီးနဲ့ ညားနေတယ် ပြောမှာပေါ့။ မင်းကတော့ လုပ်ပြီ။
အိုက်ပီး ။ ။ အင်း...ထားပါ။ မင်းပြောတဲ့ စိတ်သဘောကောင်းတယ်ဆိုတာလေး ပြောပါဦး။ ဘာတွေကောင်းတာလဲ။
မိုက်ကြီး ။ ။ ငါ့ဆို အတော်ချစ်တာကွ သူက။ လိုလေသေးမရှိပဲ။
အိုက်ပီး ။ ။ ဟာ ဒါကလည်း အဆင်ပြေတုန်းမို့ပါကွာ။ မပြေတော့ မင်းထင်သလို ဖြစ်တော့မှာ မဟုတ်ပါဘူး။ ကောင်မလေးက မင့်ကို အသုံးမကျတဲ့ ယောက်ျား ဆန်ကုန်မြေးလေး။ ဆိုပြီး ပြောရင်ရော။
မိုက်ကြီး ။ ။ ဟာကွာ မင်းကလည်း။ ပြောရော့မယ်။ သူကပြောမလားကွ။
အိုက်ပီး ။ ။ အင်း လက်စသတ်တော့ မပြောလို့ ချစ်တာကိုး။ တကယ်လို့ ပြောရင်ရောကွာ။
မိုက်ကြီး ။ ။ ဟဲဟဲ သည်းခံမှာပေါ့ကွာ မင်းကလည်း။
အိုက်ပီး ။ ။ ဟုတ်လို့လားကွာ။ မင့်ကို ချိန်းတိုင် လာမတွေ့ပဲနေရင်ရော။
မိုက်ကြီး ။ ။ ဟာ အဲတာတော့ အကန်ခံရမှာပေါ့။ အဲ ... သူစိတ်ဆိုးနေသလား အရင် စုံစမ်းကြည့်ရမှာပေါ့ကွာ။ ဟီး ဟီး။
အိုက်ပီး ။ ။ အင်း အချစ်ဆိုတာ သူပေးနိုင်တာနဲ့ ကိုယ်လိုချင်တာ အဆင်ပြေနေရင် အိုကေတာပေါ့။ ပြီးတော့ ကိုယ်ပေးနိုင်တာနဲ့ သူလိုချင်တာ အံကိုက်နေတဲ့ အခါပေါ့။
မိုက်ကြီး ။ ။ အင်းပေါ့ကွာ။
အိုက်ပီး ။ ။ သေချာတာ တစ်ခုက မင်းသူ့ကို မိန်းမ ဖြစ်နေလို့လည်း ချစ်တာပါကွာ။ ပြီးတော့ မိန်းမပစ္စည်းပါနေလို့ပါ။ မဟုတ်ရင် မင်းမချစ်နိုင်ပါဘူး။
မိုက်ကြီး ။ ။ မင်းကတော့ လုပ်ပြီ။
အိုက်ပီး ။ ။ လူတစ်ယောက်က လူတစ်ယောက်ကို ချစ်တယ်ဆိုတာ ဟိုလူမှာ သူလိုချင်တာတွေရှိလို့ပါပဲ။ သူ့မျှော်လင့်ချက်တွေ စိတ်ခံစားမှုတွေကို တနည်းနည်းနဲ့ ဖြည့်ဆည်းပေးနေသူကို ချစ်ကြတာပါပဲ။ မင်းမှာသာ ယောက်ျားပစ္စည်း မပါဘူးလို့ သေချာတဲ့ သတင်းရပ်ကွက်ကနေ ထွက်လာပါလား။ မင့်ကောင်မလေး မင့်ကို ချစ်ပါလိမ့်မယ် အားကြီးကြီး။
မိုက်ကြီး ။ ။ အေး ဟုတ်တော့ ဟုတ်သကွ။ သူဘယ်လောက်လှတဲ့မိန်မပုံစံပေါက်နေပါစေ မိန်းမ မဟုတ်ဘူးလို့သာ ငါသိရရင် ငါလည်း ချစ်နိုင်မှာ မဟုတ်ဘူး။ သူလည်း အဲလို ဖြစ်မှာပေါ့။
အိုက်ပီး ။ ။ အင်းလေ စကားလှရုံပြောနေကြတာပါ လူတွေက အမှန်တော့ ကိုယ်လိုချင်တာ တစ်ခုခု သူ့မှာရှိလို့၊ ရှိမှာမို့၊ ရှိနိုင်လို့ ချစ်တယ်၊ ခင်တယ် ဖြစ်နေကြတာပါပဲ။ အဲဒီလူဟာ ကိုယ်မခံစားနိုင်တာကို ပြောနေ ဆိုနေ ခံစားရအောင်လုပ်နေရင် အဲဒီလူကို ခွာကြမှာပါပဲ။ မခွာသေးဘူးဆိုတာကလည်း မျှော်လင့်ချက်ရှိသေးလို့ ဖြစ်မှာပါပဲ။

April 25, 2009

Gtalk ပေါ်မှာ သိခဲ့ရတဲ့ စိုင်းခမ်းလိတ် အကြောင်း တစွန်းတစ (၂)

sai.k.naw: ဟလို....

me: အင်း

sai.k.naw: အစ်ကို မနေ့..

7:47 PM လိုင်းမကောင်းလို့ကျသွားတာ.. sorry nor..

me: ဟုတ်ကဲ့ ဆက်ပြောပြပါဦးဗျ

7:48 PM

sai.k.naw: သူထောင်ခဲ့တဲ့ အဖွဲနာမည်က ခေုင်,သ်ု,င်္လံင်း ဆိုတဲ့တီးဝိုင်းအဖွဲ့ လေးပါ....သာရေးနာရေးတွေလည်း ပါတာပေါ့နော်............

me: အင်း

sai.k.naw: သူအဖေကလည်း...

me: ဘာနဲ့တီးတာလဲဗျ

7:49 PM

sai.k.naw: အဲဒီတုန်းက..သိပ်ရယ်ရတယ်သိလား.... တီဝိုင်းကလိုတဲ့လျှပ်စစ်ဂီတာတို့..ကို

7:50 PM သူတို့ဘာသာသူတို့လုပ်ကြတယ်.. သိပ်ဝါသနာကြီးကြတယ်...

me: အင်း

sai.k.naw: မဝယ်နိုင်ဘူးလေ..

me: အေးပေါ့ဗျာ

7:51 PM

sai.k.naw: ဒရမ်ဆိုရင် ဘေပါပုံးကို ဖြတ်ပြီးလုပ်တာ...

7:52 PM

me: ဟုတ်လား ထူးထူးဆန်းဆန်း

sai.k.naw: ပြီးမှနွားသားရေ နဲ့ ပြန်ကပ်တယ်...း)

me: အေးဗျာ

7:53 PM ဘာတွေထူးထူးခြားခြားလုပ်သေးလဲ

sai.k.naw: အဲဒီဒရမ်တောင် အခုထိရှိအုံးမယ်ထင်တယ် အင့်...

7:54 PM အဲ့ဒါတော့ သိပ်မသိဘူး...အဖေက သူနမ္မတူက ထွက်ပြီးနောက်ပိုင်း....

7:55 PM မှာ

me: အင်း

sai.k.naw: သူ့ထောင်ထားတဲ့တီးဝို်င်းမှာ ဂီတာတီးတယ်.. ကျနော့လက်ထက်ထိပေါ့..

7:56 PM

me: သြော် ညီလေးရော တီးတာလား

sai.k.naw: အင့်... ကျနော်က.. ကီဘုတ်တီးတယ်။.

7:57 PM နောက်ပိုင်း အဲ့ ဒီအဖွဲ့ ကို အမည်ပြောင်းလိုက်ကြတယ်.. ရှမ်းစာပေအဖွဲ့အစည်း.. ဆိုပြီး...

7:58 PM အခုထိလုပ်ရှားနေတုန်ပဲ...

me: အင်း ကောင်းတာပေါ့ဗျာ စာပေလည်း ထိန်းသိမ်းပြီးသားဖြစ်တာပေါ့

7:59 PM

sai.k.naw: အင့်...သူအဖေလည်း စံပဲ..

me: ဘာတွေများထူးခြားတာလဲ

sai.k.naw: ကျနော်တော့မမှီပါဘူး..

8:00 PM ကျနော်တို့ တောင်ပေါ်ဘုရားမှာ သူအဖေ

8:01 PM ဆွဲထားတဲ့.. ပန်ချီကားရှိတယ်.. ဗုဒ္ဓဝင်ကားတွေ..

me: အင်း အများကြီးလား

8:02 PM

sai.k.naw: သိပ်မများဘူး... ၂ကားလောက်ပဲထင်တယ်... ကြားလှပြီ... အဲဒါကို...

8:03 PM သူပြန်လာတောင်းသေးတယ်.. ဆရာတော်ကမပေးဘူး...

me: :D

8:04 PM

sai.k.naw: သူအဖေလက်ရာကို လိုက်စုနေတာလို့ပြောတာပဲ..

me: အင်း

8:05 PM ကျောင်းနေတုန်း တခြားဘာတွေများလုပ်သေးလဲ



Gtalk Connection က နောက်တဖန် ပြတ်သွားပြန်ပါသည်။

April 23, 2009

Gtalk ပေါ်မှာ သိခဲ့ရတဲ့ စိုင်းခမ်းလိတ် အကြောင်း တစွန်းတစ

sai.k.naw: အစ်ကို က စိုင်းခမ်းလိတ်ရဲ့အကြောင်းကိုဘယ်က ရလဲ...
me: http://www.shanland.org
sai.k.naw: သြော်....ဟုတ်လား..
7:31 PM ကျနော်က နမ္မတူသားပါ..
သူနေခဲ့တဲ့ အိမ်နားလေးကပါ...
7:32 PM
me: :D
သိသမျှ ရေးပေးပါလား
ကျွန်တော် ပို့တင်ပေးမယ်လေ
ကြားမိသမျှပေါ့
7:33 PM မိဘတွေ ဆီကဖြစ်ဖြစ် ဘယ်သူ့ ဆီက ဖြစ်ဖြစ်ပေါ့
sai.k.naw: အော်...ကျနော်က မမှီဘူး ...ကျနော်အဖေတို့ အဖွဲ..
လေ...
me: အင်း
အဖေပြောပြတာ ကြားဖူးသမျှပေါ့
sai.k.naw: ဟုတ်ကဲ့..
7:34 PM me: http://www.shanland.org/index.php?option=com_content&view=article&id=2542:sai-kham-leik-the-timeless-song-composer&catid=mailbox&Itemid=279
7:35 PM sai.k.naw: သူက သိပ်ညဏ်ကောင်းတာတဲ့ နမ္မတူ convent ကျောင်းမှာတုန်းက ဆို...
စာအုပ်မသုံးဘူး...
ကျောက်သင်ပုန်းနဲ့ကျေက်တံပဲသုံးတာ..
me: အင်း
ဘယ်နှတန်းထိလဲ
7:36 PM sai.k.naw: အဲဒီမှာက အလယ်တန်းထိပဲရှိတာ...
me: အင်း
sai.k.naw: မာတာကြီက..
သူကိုဆူတယ်...
me: ၈ တန်းထိ ကျောက်တံနဲ့ကျောက်သင်ပုန်းသုံးတာပေါ့
7:37 PM sai.k.naw: အင်း..
တနေ့သင် ပြီရင်...
ပြီးပြီ..
အမြဲတမ်းနံပါတ် ၁...ပဲ..
7:38 PM ပြင်ဦးလွင်ပြောင်းသွားတော့မှာပဲ..
စာအုပ်သုံးတာ..
me: အင်း အင်း စံပဲ
7:39 PM sai.k.naw: နမ္မတူမှာ
..သူထောင်ထားတဲ့...
အဖွဲ..က
အခုထိရှိသေးတယ်...
7:40 PM me: ဘာအဖွဲ့များလဲ
7:44 PM ဟဲလို

Gtalk Connection ပြတ်သွားပါသည်။ နောက်နေ့ တွေ့လျှင် ဆက်မေးထားပါမည်။

April 22, 2009

တေးရေးဆရာ စိုင်းခမ်းလိတ်၏ လူမသိသေးသော ဇာတ်လမ်းလေး

ဆရာစိုင်းခမ်းလိတ်၏ လူသိနည်းသေးသော ဇာတ်လမ်းလေး ဖြစ်ပါသည်။ အင်္ဂလိပ်လို ရေးသားတင်ပြထားသည်။ ထို အတိုင်းဖတ်သည်က ပို၍ ကောင်းမည်။ အမြည်းဖတ်ကြည့်ပါ။ အပြည့်အစုံကို အမှန်တကယ် တင်ပြထားသည့် ရှမ်းမြေ၀က်ဆိုက်တွင် သွားရောက်ဖတ်ရှုပါရန် ....


ဤနေရာတွင် ဆက်လက်ဖတ်ရှုပါရန်

April 21, 2009

ရန်ကုန်မှာ ရဟန္တာဈာန်ကြွခြင်း


မြို့ကတော့ ရန်ကုန်မြို့ ပါ .. နေရာကတော့ မြောက်ဒဂုံ မှာ..သင်္ကြန် အကြိုနေ့ နေ့လည် ၃ နာရီ လောက်
ဟုတ်မဟုတ် မိမိဟာမိမိ ဆင်ခြင်ပါ။ စုံစမ်းပါ။ သူငယ်ချင်း ဇော်ဇော်ထွန်း၏ Forward Email မှ

April 19, 2009

အင်းတော်မြို့မှ အမှတ်တရနေ့ရက်များ (၇)

ညနေကျောင်းဆင်းချိန်။ ကောင်းကင်တစ်ခုလုံးက တိမ်ညိုများဖုံးလျက်။ နေရောင်လည်းပျောက်နေသည်။ နေ၀င်ချိန် ဆည်းဆာကို မမြင်သာတော့။ တိမ်ကြို တိမ်ကြားမှ ကျလာသော အလင်းတန်းတို့ကပင် ရင်ထိတ်စရာ အသွင်ကို ဖြစ်စေသည်။ ပတ်ဝန်းကျင်ကလည်း အအေးဖက်လုနေသည်။ လေတို့က တ၀ူးဝူးတိုက်လျက် မကြာမီ မိုးသည်းသည်းမည်းမည်း ရွာချလိုက်ရန် တာစူနေပြီ။
ကောင်းကင် တစ်ခွင်လုံးလည်း မှောင်မိုက်နေသည့် အတွက် ကျောင်အပြန် သားသမီးလာကြိုကြသည့် မိဘတို့က မရှား။ သားငယ် သမီးငယ်တို့ကို ထီးကိုယ်စီ မိုးကာ ကိုယ်စီဖြင့် လာကြိုနေကြသည်။ မကြို၍ မဖြစ် အင်းတော်မိုးက မိပြီဆိုလျှင် မရွဲတာမရှိ။ ကြွက်ကလေးရေနစ်သလို တစ်ကိုယ်လုံး ရွဲရွဲစိုသည်။ ထီးလောက် ခမောက်လောက်နှင့် အဆင်မပြေ။ မိုးကာလည်း သိပ်မနိုင်ပါ။ မိုးရွာချိန် အိမ်ထဲ နေသည်ကသာ အကောင်းဆုံး။
မိဘနှင့် ဝေးနေသော ကျွန်တော့်ကိုတော့ လာကြိုသူလည်းမရှိပါ။ သို့သော် မိုးရွာသည် မိုးသည်းသည်ကို ကျွန်တော်ကလည်း ကြောက်စရာဟု မထင်ပါ။ မိဘတွေ လာကြိုကြသည့် သူငယ်ချင်းများကို ပင် ကလေးပိစိကွေးလေးတွေလို ထင်မိသည်။ မိုးစိုစို အ၀တ်ဖြင့် မိုးရေထဲပြေးရသည်ကပင် ကျွန်တော့်အတွက် ပျော်စရာ၊ ကစားရတာတစ်မျိုး။ ကြက်ပေါင်ဖိနပ်လေး နှစ်ဖက်ကို လက်ကောက်ဝတ် တစ်ဖက်တစ်ချက်စီတွင် စွပ်ပြီး အိမ်ရောက်သည် အထိ သူငယ်ချင်းနှင့် အပြိုင်ပြေးရသည်က မမောနိုင် မပန်းနိုင်။ လဲရင်လည်း မိုးရေထဲ။ ခြေချော်မသွားအောင်ထိန်းပြေးရသည်ကလည်း ပညာ။ ခြေချရာ ရေစက်ကလေးများ ဖြာခနဲ ဖြာခနဲ လွင့်စင် သွားကြသည်ကပင် မိမိကိုယ် မိမိကိုယ် ရုပ်ရှင်ထဲကလို စလိုးမိုးရှင်း ပြေးနေရသလို မြောက်ကြွကြွဖြစ်စေသည်။ ဟိုတစ်နေ့ကတင် ညီမလေးတစ်ယောက် ပြောပြတာ ကြောင့် သတိရသည်။ ငယ်စဉ်က မိုးရေထဲ ရေချိုးတာ။ မိုးရေချိုးလျှင် မိတ်ဖု ပျောက်သည် ဟုဆိုကာ ချိုးကြသည်။ တကယ်ပျောက် မပျောက် ကျွန်တော် မသိပါ။ မိတ်ဖုဆိုတာ ငယ်ငယ်က ၅ နှစ် ၆ နှစ် သားလောက်ထိသာ ပေါက်ဖူးပြီး နောက်ပိုင်း ဘယ်တော့မှ မပေါက်တော့သည့် အတွက် မိတ်ဖု ယားတာကို လည်း မေ့ချင် သလိုသလို ဖြစ်နေပြီ။ မိတ်ဖုထွက်လျှင် အတော်ယားတာမှတ်မိသည်။ ချွေးထွက်လျှင် စပ်တာမှတ်မိသည်။ လက်ဖြင့် စမ်းလျှင် အဖု အဖု ဖြင့် အသားမှာ ကြမ်းထော်ကြီး ဖြစ်နေတာ မှတ်မိသည်။ မိဖု ယားလို့လား မသိပါ ကျွန်တော် ငယ်ငယ်က အိပ်ယာထဲ အိပ်လျှင် အဖေက ကျွန်တော် မအိပ် မချင်း ၀ါးယပ်တောင် ဖြင့် ယပ်ခပ်ပေးရသည်။ ကျွန်တော့် တစ်ကိုယ်လုံး အေးစက်နေတော့မှ ကျွန်တော် အိပ်ပျော်သည် ဟု အဖေပြောဖူးသည်။ စာရေးရင်းပင် အဖေ့ကျေးဇူးကို လွန်းစွာ ခံစားမိလာသည်။ တွေးမိတော့ မျက်ရည်ပင်ကျလုလု အဖေ့ကို လွမ်းလာသည်။ စကား မပီကလာ ပီကလား ပိစိကွေး ကျွန်တော်။ အသက် ၂၈-၂၉ နှစ် အရွယ် ကျွန်တော့်ဖေဖေ။ ကျွန်တော့်ကို အပူအပင်ကင်းကင်း နှစ်ခြိုက်စွာအိပ်စက်စေလိုသည့် သူ့စေတနာ။ စိတ်မျက်စိထဲ အကွင်းလိုက်ပေါ်လာသည်။ အဖေ့ရင်ထဲမှ မေတ္တာကို ထုနှင့်ထည်နှင့် မြင်မိသည်။ ဖုန်းဆက်ရခက်သော ကျွန်တော့်မွေးရပ်မြေကို မရ အရခေါ်ကာ အဖေနှင့် စကားပြောရဦးမည်။ အဖေကျွန်တော့ကို လွမ်းတော့မည်။ ကျွန်တော် အဖေ့ကို လွမ်းနေပြီ။
အင်းတော်အ.ထ.က ကျောင်းမှ ကျောင်းဝင်းအလယ် မြက်ခင်းပြင်ကြီးသည်။ လွတ်လပ်စွာပြေးရာ လွားရာ ကစားရာ။ မြက်ခင်းပြင်ကြီးကို ဖြတ်အပြီး လမ်းမပေါ်ရောက်သည်။ ကျွန်တော် အင်းတော်ရောက်စက ထိုလမ်းက ကတ္တရာ မခင်းသေး။ ကျောက်ခင်းလမ်း။ ထိုအချိန်ကတော့ ခြေဖ၀ါးများကလည်း အကြမ်းခံသည်။ တော်ရုံကျောက်ခဲမစူး။ သဲရှပ်ရှပ် ကျောက်တုံးတရကြမ်းမြေပြင်တွင်ပင် ပြေးသည်၊ လွှားသည်၊ ကစားသည်။ ဖိနပ်ပျောက်မှာစိုးသည့်အတွက် ဖိနပ်ကလေးနှစ်ဖက်ကိုတော့ ဘယ်ညာလက်ကောက်ဝတ်တွင် လက်ကောက်စွပ်သလိုစွပ်ထားရသည်။ ကျွန်တော် ငယ်ငယ်က ဖိနပ်မေ့ကျန်ပြီး အိပ်ပြန်ပြန်လာတာများသည်။ လှေကားရင်းရောက်မှ ကစားရာနေရာအရောက် ပြန်ပြေကား ဖိနပ်ပြန်ရှာရသည်က စိတ်ညစ်စရာကောင်းသည်။
အိမ်ပြန်ရောက်လျှင် မိုးရွာမည်ဖြစ်သည့်အတွက် အိမ်အပြင် မထွက်တော့။ မိုးရေစင်သွားအောင် ရေချိုးပြီး ရေအမြန်သုတ်ကာ စောင်ခြုံနှင့်ကွေးတော့သည်။ ဘကြီးတို့ ထမင်းစားမယ် ခေါ်မှ ညနေစာထမင်းစားကာ ဧည့်ခန်းတွင် ဘကြီးတို့တွေ ပြောသမျှ ဟောသမျှ အလာပသလာပ အကုန်နားထောင်သည်။ လူကြီးတို့၏ စကားတို့သည် ကျွန်တော်တို့ကို တစ်မျိုးရင့်ကျက်စေသည်။ သူတို့၏ အတွေအကြုံများ၊ သူတို့၏ လူမှုသူမှု ဒုက္ခများ၊ ကြားလာခဲ့သမျှ အတင်းအဖျင်းများကအစ အကုန်မှတ်သားရသည်။ ဘကြီး၏ အိမ်နီးချင်း ရှေးရိုးစွဲအဖိုးကြီးများ၏ ခေတ်မမှီသော အစွဲအလွဲအများကိုလည်း မှတ်သားရသည်။ သူတို့၏ ဘ၀နှင့်ရင်းကာ သိလာမှတ်လာကြသည့် ဆင်ခြင်ဖွယ်များကိုလည်း ပုံပြင်သဖွယ် နားထောင်ခဲ့ရသည်။
အင်းတော်မိုးက မိုးချုပ်စလောက်ကစရွာတတ်သည်။ တောင်လုံးညိုဟု သူတို့ခေါ်သည့် အရှေ့တောင်ထောင့်ဖက်မှ မိုးသားထုသာ ပြိုဆင်းလာလျှင် မိုးသည်းသည်း မည်းမည်းချတော့သည်။ တစ်ညလုံး၊ မိုးကြိုးတွေ တဒုန်းဒုန်း၊ လေသံတွေ တဖုန်းဖုန်း။ မိုးနှင့်လေအရော တဝေါဝေါညံနေသည်။ ကျွန်တော်ကတော့ မိုးရွာရွာ စောင်ကလေးနှင့် ခပ်ကွေးကွေးအိပ်ရတာကို နှစ်ခြိုက်သည်။ ကလေးဘ၀ ပူစရာက နတ္ထိကိုး။ အလုပ်ပျက်တာ ဘာညာမရှိ။ မိုးကြီးလွန်း၍ ကျောင်းပတ်လျှင် သာ၍ပင် ပျော်စရာကောင်းသေးသည်။ မိုးကြီး၊ ရေကြီးလျှင် အင်းတော် အ.ထ.က က ကျောင်းပိတ်နေကြ။ အိပ်ကောင်းကောင်းနှင့် အိပ်ပလိုက်သည်။ မနက်နှိုးလာလျှင်တော့ အသံကြားရပြီ။ အိမ်အောက်ရေ၀င်နေသည့် အသံများ။ လမ်းလျှောက်လျှင် ပလုံ ပလုံ ဗွမ်းဗွမ်း သံတွေညံနေသည်။ အများအားဖြင့် ရေဒူးဆစ်လောက်ရောက်နေတတ်သည်။ မိုးသည်းလွန်းလျှင် ခါးလောက်ထိရောက်နေသည်။ အင်းတော် အောင်မေတ္တာ တစ်ရပ်ကွက်လုံးနီးနီး ရေမြုပ်သည်။ အိမ်အောက်မှာ ရေတွေချည်း။ လှေလှော်သွား၍ပင်ရသည်။ သို့သော် မရှိပါ။ ရေက တစ်ရက်လောက်ဆို ကျသွားသည်။
ရေကြီးနေချိန်တွင် လမ်းလျှောက်ရန်ခင်းထားသော တစ်တုံးတံတားများ ရေထဲ ပါမသွားအောင် ကြိုးနှင့်ချည်ထားရသည်။ ရေကျချိန်တွင် နေရာတစ်ကျဖြစ်အောင်လည်း ပြန်စီရသည်။ ရေကျချိန် သတိထားပြီး မစီပါက။ လူအားများများနှင့် သူ့နေရာ သူရောက်အောင် တုံးကို ကုတ်နှင့်ကော်ကာ ရွေ့ရတော့သည်။
ရေကြီးပြီဆိုလျှင် ရေနီများ၊ ရေပုပ်တော့မဟုတ်ပါ။ အရောင်မကောင်း၊ အနံ့တော့ မနံပါ။ အိမ်ကြိုအိမ်ကြားမှ ဖြတ်စီးလာသည့် အတွက် ညစ်ပတ်သည်။ သောက်ရေ၊ သုံးရေ ပြဿနာဖြစ်သည်. ထို့ကြောင့် အင်းတော် မိုးဦးကျ မိုးတအားရွာတော့မည်ထင်လျှင် သောက်ရေ အသင့်၊ ချက်ရေ အသင့် စဥ့်အိုးနှင့် လှောင်ထားဖို့လိုသည်။ မနက်စောစောအထ၊ ရေတွင်းသာ ရေအောက်မြုပ်နေလျှင် သောက်ရေရော၊ သုံးရေရောပါ မရှိတော့။

April 17, 2009

ဘီဂျလီ (Bijli) ဆိုင်ကလုန်းမုန်တိုင်း ပျက်ပြယ်သွားပြီလော

ဘီဂျလီဆိုင်ကလုန်း မုန်တိုင် ပျက်ပြယ်သွားပြီလား မသိပါ။ အချို့ မုန်းတိုင်းခြေရာခံ ဌာနများက ဆိုင်ကလုန်းမုန်တိုင်းရှိကြောင်း သတိပေးမှုမရှိတော့ပါ။ သို့သော် အချို့ဌာနများကမူလွင့်တင်ထားဆဲဖြစ်သည်။


သတိပေးနေဆဲဖြစ်သော ဌာနများမှာ အောက်ပါဌာနများဖြစ်သည်။

(၁) http://www.tropicalstormrisk.com/




(၂) http://cimss.ssec.wisc.edu/tropic2/#

(၃) http://www.tropicalstormrisk.com/


အောက်ပါဌာနကတော့ မုန်တိုင်း ရှိကြောင်း သတိပေးချက် မရှိတော့ပါ။
(၁) http://www.wunderground.com/





အောက်ပါဌာန အဆိုအရပြောရလျှင် မုန်တိုင်းက အားနည်းသွားပြီး လေပြင်းအဖြစ် ကုန်းပေါ်တက်မည်ဖြစ်သည်။

http://www.nrlmry.navy.mil

၁၇ ရက်နေ့တွင် လေတိုက်နှုန်း တစ်နာရီလျှင် ၈၀.၆ မိုင် ရှိမည်ဖြစ်ပြီး။

၁၈ ရက်နေ့တွင် လေတိုက်နှုန်း တစ်နာရီလျှင် ၆၃.၄ မိုင် ရှိမည်ဖြစ်ပြီး။

စောင့်ကြည့်ဖို့တော့ လိုပါမည်။

April 15, 2009

လာပြန်ပြီ ဆိုင်ကလုန်းမုန်တိုင်းတစ်ခု

ဘင်္ဂလာပင်လယ်အော်တွင် ဆိုင်ကလုန်းမုန်တိုင်းတစ်ခု စတင်ဖြစ်ပေါ်နေပြီဖြစ်သည်။ နောက် ၃ ရက်ခန့် အကြာတွင် ဘင်္ဂလားဒေရှ်နိုင်ငံနှင့် ရခိုင်ပြည်နယ်တို့နှင့် နီးလာမည် ဟု ခန့်မှန်းထားသည်။ ထိုအချိန်တွင် လေတိုင်နှုန်းသည် တစ်နာရီ မိုင် ၆၉.၁ မိုင်နှုန်းဖြင့် တိုက်ခတ်နေမည်ဟု ခန့်မှန်းသည်။

စတင်ဖြစ်ပေါ်ရာနေရာ

၁၂ နာရီခြား ရွေ့လျားရာလမ်းကြောင်း နှင့် လေတိုက်နှုန်းကို ပြထားသည်။

(၁) စတင်ဖြစ်ပေါ်စတွင် တစ်နာရီ ၄၀.၃ မိုင်နှုန်း

(၂) နောက် ၁၂ နာရီကြာပြီးနောက် တစ်နာရီ ၄၆.၁ မိုင်

(၃) နောက် ၁၂ နာရီကြာပြီးနောက် တစ်နာရီ ၅၇.၆ မိုင်

(၄) နောက် ၁၂ နာရီကြာပြီးနောက် တစ်နာရီ ၆၃.၄ မိုင်

(၅) နောက် ၁၂ နာရီကြာပြီးနောက် တစ်နာရီ ၆၉.၁ မိုင်

(၆) နောက် ၁၂ နာရီကြာပြီးနောက် တစ်နာရီ ၆၉.၁ မိုင်

ဤနေရာတွင် သွားကြည့်ပါ။




ဒီနေရာမှာလည်း ကြည့်ပါ။


ဒီမှာရော ကြည့်။




တခြား မိုးလေ၀သဌာနတစ်ခုကတော့ အောက်ပါအတိုင်း ခန့်မှန်းထားသည်။ လေတိုက်နှုန်း ၇၂ မိုင်ထိ ခန့်မှန်းထားသည်။ ရခိုင်ပြည်နယ်ထဲဝင်မလား။ ဘင်္ဂလားဒေရှ့်ဝင်မလား မသိသေးပါ။





မနှစ်က ဘလော်ဂါများ နာဂစ်မ၀င်မီ စောစောစီးစီး အော်ခဲ့ ပြောခဲ့ကြသည်။ မကြုံဖူးတော့ သိပ်အရေးမလုပ်ခဲ့ကြ။ နာဂစ်ဖြစ်တော့လည်း အလှူငွေထည့်ချင်စိတ်ပေါ်လာအောင် များစွာလှုံဆော်ခဲ့သူများမှာ ဘလော်ဂါများ။ ဘာဖြစ်ဖြစ် ကျွန်တော်ကတော့ လေးစားပါသည်။ မိမိတတ်နိုင်သည့်ဖက်မှ ၀ိုင်းကြ ၀န်းကြသည့် အလေ့အထလေး။ ယခုလည်း သတင်းရ၍ ကြိုတင် အသိပေးအပ်ပါသည်။ ဆိုင်ကလုန်းတစ်ခုတော့ ဘင်္ဂလားပင်လယ်အော်တွင် စတင်ဖြစ်ပေါ်နေပြီ။ လေတိုက်နှုန်းလည်း တဖြည်းဖြည်း ပြင်းထန်ကာ ဘင်္ဂလားဒေရှ့် သိုမဟုတ် ရခိုင်ပြည်နယ်ဖက်သို့ ဦးတည်နေသလိုရှိသည်။ ပင်လယ်ထဲတွင် ပင် ပျောက်ပျက်သွားလေမည်လား။ လေတိုက်နှုန်းအားကြီးကြီးဖြင့် နာဂစ်လိုပင် ကမ်းခြေထိ တက်လေမည်လား မသိနိုင်သေးပါ စောင့်ကြည့်ကြရမည့်တာဝန်။ ကြိုတင် သတိပေးကြရမည့် တာဝန် ကျွန်တော်တို့တွင် ရှိသည်။ ထို့ကြောင့် စောင့်ကြည့်ကြရန်နှိုးဆော်ပါသည်။ အလုပ်ခွင်ထဲမှ ဘင်္ဂလာလားလူမျိုးများကိုလည်း မုန်တိုင်း နီးလာ၊ ကြီးလာလျှင် သတိပေးကြပါကုန်။







ယခုတော့ စောင့်ကြည့်ကြရပါဦးမည်။

April 14, 2009

ကမ္ဘာ့အမြင့်ဆုံးမျှော်စင်ကို ပစ်တဲ့မိုးကြိုး

ကမ္ဘာအမြင့်ဆုံးမျှော်စင် (ဒူဘိုင်းနိုင်ငံ) ကို ၂၇၊ မတ်လ၊ ၂၀၀၉ ရက်နေ့ ညပိုင်း တွင် နာရီဝက်ခန့်ကြာအောင် ထစ်ချုန်းလင်းလက်နေခဲ့သော မိုးကြိုးကို မှတ်တမ်းတင် ရိုက်ကူးထားသည့် ဓာတ်ပုံများဖြစ်သည်။ ထိုအနီးနား ပတ်ဝန်းကျင် တစ်ခုလုံးလည်း မိုးချုန်းသံဖြင့် ဆူညံရိုက်ခတ်နေခဲ့သည်ဟုဆိုပါသည်။ ကြုံရသူ အဖို့ကတော့ မမေ့နိုင်သောညတစ်ည ဖြစ်ပေလိမ့်မည်။ ဗဟုသုတအလိုငှာ ဝေငှတင်ပြလိုက်ရပါသည်။













ညီမလေး အေးငြိမ်းသူ၏ Forward Mail မှ

April 6, 2009

ဒေါက်တာ စိုင်းခမ်းလိတ်၏ အသက် (၆၀) ပြည့် မွေးနေ့

လာမည့် ဧပြီလ ၂၇ ရက်နေ့တွင် နိုင်ငံကျော် တေးရေးဆရာ တစ်ဦးဖြစ်သည့် ဒေါက်တာ စိုင်းခမ်းလိတ်၏ အနှစ် (၆၀) ပြည့် မွေးနေ့ မင်္ဂလာကျရောက်မည်ဖြစ်သည်။ ဆရာ့အကြောင်းကို မန္တလေးအဘိဓာန်တွင် ဤသို့ဖော်ပြထားသည်။
စိုင်းခမ်းလိတ် (၁၉၄၉-)
မန္တလေးက ထင်ရှားတဲ့ သီချင်းရေးဆရာတဦးဖြစ်တဲ့ ဆရာစိုင်းခမ်းလိတ်ဟာ ရှမ်းတိုင်းရင်းသားတဦးလည်းဖြစ်ပါတယ်။ ၁၉၄၉ ဧပြီလ ၂၇ ရက်နေ့မှာ အဖ နမ္မတူအမတ်ကြီး ဦးရွှေကြီး နဲ့ မိခင် ဒေါ်စိန်ဥတို့က ရှမ်းပြည်မြောက်ပိုင်း သိန္နီမြို့မှာ မွေးခဲ့ပါတယ်။ ဦးရွှေကြီးဟာ ရှမ်းကဗျာဆရာကြီးတဦးဖြစ်ပြီး ကလောင်နာမည်က ခမ်းကာ (တုံဟုံး) ဖြစ်ပါတယ်။

နမ္မတူ ပန်ဟိုက်ရပ်မူလတန်းကျောင်းမှာ ပညာစသင်ကြားပြီး နမ္မတူက Our Lady’s Convent ကျောင်းမှာ ၇ တန်းအထိ ပညာသင်ခဲ့ပါတယ်။ နောက်တော့ မေမြို့ (ပြင်ဦးလွင်)က စိန့်အဲလ်ဘတ် (St. Albert’s) အထက်တန်းကျောင်းကနေ ၉ တန်းနဲ့ ၁၀တန်းအောင်ခဲ့ပါတယ်။
၁၉၆၆ မှာ မန္တလေး ဆေးတက္ကသိုလ်ကို ရောက်ပြီး ဆေးဘွဲ့ရပြီးနောက်မှာ မေမြို့မှာ ၄ နှစ်၊ ရန်ကုန်မှာ ၆ နှစ်၊ မန္တလေးဆေးတက္ကသိုလ်မှာ ၅ နှစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ဆေးပင်စင်ယူခဲ့ပါတယ်။
၁၉၆၅ မှာ ရှမ်းဘာသာနဲ့ တောင်ကြားတွင်းမှ တောနှင့်တောင် သီချင်းကို ကော်ပီသံစဉ်နဲ့ စပြီးရေးခဲ့ပါတယ်။ ၁၉၆၆ မှာ ရှမ်းဘာသာနဲ့ အိမ်မက်ထဲက အချစ် ကို ကိုယ်ပိုင်သံစဉ်နဲ့ စရေးတယ်လို့ သိရပါတယ်။ ၁၉၆၈ မှာ ရှမ်းသီချင်းများစွာရေးခဲ့ပြီး ၁၉၇၃ မှာ မြန်မာကိုယ်ပိုင်သံစဉ် သီချင်းတွေကို စပြီးရေးပါတယ်။
စိုင်းထီးဆိုင်သီဆိုတဲ့ တတိယတေးစီးရီးဖြစ်တဲ့ ပျောက်ဆုံးနေသောနိဗ္ဗာန်ဘုံ စီးရီးက မန္တလေးရောက် ရှမ်းတယောက် သီချင်းနဲ့ စပြီးထင်ရှားခဲ့ပါတယ်။
မြန်မာသီချင်း ၅၀၀ ခန့် ရေးသားခဲ့ပြီး အများစုဟာ အောင်မြင်ထင်ရှား လူကြိုက်များတဲ့ သီချင်းတွေဖြစ်ခဲ့ပါတယ်။
မြန်မာနိုင်ငံ တက္ကသိုလ်များ ရှမ်းစာပေနဲ့ ယဉ်ကျေးမှုကော်မတီ ဥက္ကဌ အဖြစ်တာဝန်ယူပြီး ရှမ်းသီချင်းကဗျာတွေ၊ ဗုဒ္ဓဘာသာနဲ့ ပတ်သက်တဲ့ သီချင်းတွေကို ရေးသားခဲ့ပါတယ်။ ဇနီးက ဒေါက်တာဒေါ်နွဲ့နွဲ့တင်ဖြစ်ပြီး သမီး လေး ယောက်ရှိတဲ့ အနက် နန်းခမ်းနွဲ့လိတ် ဟာ တေးသီချင်းတွေ သီဆိုတဲ့ အဆိုရှင်တဦးဖြစ်ပါတယ်။ မန္တလေးတက္ကသိုလ်အနီးက မဟာမြိုင်ရပ်မှာ မိသားစုနဲ့ နေထိုင်ပါတယ်။








စိုင်းထီးဆိုင် ဈာပနနေ့က တွေ့ရတဲ့ ဆရာစိုင်းခမ်းလိတ်
မန္တလေးအဘိဓာန်မှ ရယူဖော်ပြသည်။
ကျွန်တော် မန္တလေးမြို့တွင်ရှိစဉ် ၆၉ လမ်းပေါ်ရှိ ဆရာခမ်းလိတ် အိမ်ရှေ့နားရောက်တိုင်း ဆရာ့ကိုများတွေ့လေ မလားဟု ခဏခဏ ခြံဝင်းထဲ ကြည့်မိသည်။ ကျွန်တော်မတွေ့ဖြစ်ခဲ့ပါ။ ကျွန်တော့်ညီ အလတ်ကတော့ တစ်ခါဆုံသည်ဟု ပြောပါသည်။ အစ်မကြီး နန်းခမ်းနွဲ့လိတ် ကျောင်းတက်စဉ်ကလည်း ကျွန်တော်တို့ MIT မရောက်သေးပါ။ ကျွန်တော်တို့တက် စီနီယာကျသည့် အစ်မနွဲ့လိတ်ကိုလည်း မမြင်ဖူးခဲ့ပါ။ ဆရာ့သားစိုင်းခမ်းစိုးလိတ် ၁၀ တန်းကို ထူးထူးချွန်ချွန်အောင်တာ ကြားရတော့လည်း ၀မ်းသာမိဖူးသည်။
ယခုဆရာ့ အသက် ၆၀ ပြည့်မွေးနေ့ မင်္ဂလာကို လာမည့် ၂၀၀၉ ဧပြီ ၂ရ ၇က်နေ့တွင် မန္တလေးမြို့၌ ကျင်းပမည်ဟု ကြားသိရပါသည်။ စင်ကာပူရောက် ရှမ်းမိသားစုကလည်း ဆရာ့မွေးနေ့ပွဲတွင် ဆရာ့ကို ကန်တော့လိုသည်။ စင်ကာပူရောက် သူ့ပရိတ်သတ်များပါ ပါဝင် ဂုဏ်ပြုနိုင်ရေးအတွက် အစီအစဉ်လေးတစ်ခုဆွဲကြသည်။ လာမည့် တနင်္ဂနွေနေ့တွင် ပင်နဆူလာပလာဇာရှိ ရှမ်းတောင်တန်းဆိုင်တွင် ရှမ်းထမင်းရောင်းချကာ ရံပုံငွေစုမည်ဖြစ်သည်။ ရသမျှငွေကို ဆရာ့မွေးနေ့အမှတ်တရ ကန်တော့ကြမည်ဖြစ်သည်။
ပင်နဆူလာမလာနိုင်သည့် သူများလည်း အားပေးနိုင်ရန် ဒေါ်လာ ၃၀ ဖိုးနှင့် အထက် မှာယူပါက အိမ်အရောက်ပို့ပေးမည် ဖြစ်ကြောင်းသိရသည်။
ဆရာ့ကို ချစ်သည့် ဆရာ့ ပရိတ်သတ်များအား မှာယူလိုပါက အောက်ပါပုဂိုလ္လ်များထံ ဆက်သွယ်မှာကြားနိုင်ပါကြောင်း အသိပေးအပ်ပါသည်။
(၁) စိုင်းခမ်းရွက် (94513409)
(၂) စိုင်းတွမ်ဆိုင် (81382476)
(၃) စိုင်းဆိုင်တစ် (90216196)
(၄) စိုင်းစိုင်းမွန်း (82512576)
(၅) နန်းဟွမ်ဆိုင်ခေး (93235995)
ကျွန်တော်တို့ လွမ်းသော၊ ဆွေးသောအခါ၌လည်းကောင်း၊ ကြင်နာမြတ်နိုး အချစ်မိုးများ ရွာသော အခါ၌လည်းကောင်း၊ နာကျင်ခံခက် ခါသီးသောရက်များ၌ လည်းကောင်း ဖြေသိမ့်ပေးနိုင်သည့်၊ မျှဝေခံစားပေးသည့်၊ နှစ်သိမ့်ကြည်နူးစေသည့် သီချင်းများ၏ ဖန်ဆင်းရှင် ... ဆရာစိုင်းခမ်းလိတ်အား ဂုဏ်ပြုချီးမြောက်သောအားဖြင့်
ရှမ်းမိသားစုမှ ရံပုံငွေအဖြစ်ရောင်းချသော ရှမ်းရိုးရာထမင်း (Kao-lain) ကို
- လူကိုယ်တိုင် လာရောက် သုံးဆောင်ခြင်း
- သူငယ်ချင်းများအား အသိပေးပြောကြားပေးခြင်း
- ဖုန်းဖြင့်မှာယူ စားသုံးခြင်း
အားဖြင့် ကိုယ်တိုင်ပါဝင် ဂုဏ်ပြုချီးမြှောက်နိုင်ပါကြောင်း ...
ပြီးတော့ လက်တို့ လိုက်ပါရစေ ရှားရှားပါးပါး မြန်မာပြည်ပြင်ပမှာ စားရခဲတဲ့ ရှမ်းထမင်း ကိုလည်း ဒီတစ်နှစ်မှာ ဒီတစ်ခါပဲ ၀ယ်စားနိုင်တာမို့ ကြုံတောင့်ကြုံခဲ အခွင့် အရေးကို လက်လွတ်မခံလိုက်ပါနဲ့လို့


လေးစားချစ်ခင်မှုဖြင့်
စိုင်းခမ်းထွန်း

April 1, 2009

ကျွန်တော်နှင့် တောတွင်းကာလများ (၆)

ငယ်ကမှတ်မိတာတစ်ခု။ မိုးတွင်း စပါးခင်းစိမ်းစိမ်းထဲ။ ဖားမျှားကြတာ။ ဖားမျှားတာက ငါးမျှားတာ ထက်မြန်သည်။ ဖားတွေက အတော်အစားပုတ်သည်။ စားစရာလေးတစ်ခုခုကို ငါးမျှားချိတ်တွင် ချိတ်ပြီး လယ်ကွက်ထဲ ချလိုက်လျှင် "တဖြောင်းဖြောင်း" မြည်အောင် ခုန်ပြီးပြေးလာကြသည်။ တွေ့ရာ အစာကို အမိဟပ်ပြီး အသားကုန်လွှေးသည်။ ထိုကြောင့် ဖားမျှားရတာ ငါးမျှားရတာထက်လွယ်သည်။ မြင်လည်းမြင်နေရသည်။ မိလာသည့်ဖားကို သတ်ရသည်ကတော့ မလွယ်ပါ။ မြေပြင်ပေါ်တွင် ပေါက်သတ်ရသည်။ လျှာထွက်လာကာ ဆန့်ငင် ဆန့်ငင်ဖြစ်ပြီး "ဂန့်" သွားသည်။ စိတ်မခိုင်လျှင် ဖားမမျှားပါနှင့် ။ ငါးထက် ရုပ်ပျက်ဆင်းပျက်ဖြင့်သေသည်။ လျှာအရှည်ကြီးက တန်းလန်းထွက်နေသည်။ ပြီးတော့ လူလို ခြေနှင့်လက်နှင့်။ ထို့ကြောင့်လည်း ဆရာဝန်တွေ ဖားကို ခွဲရခြင်းဖြစ်မည်။
ပြောနေရင်း အမေပြောဖူးတာသွားသတိရသည်။ ကျွန်တော့်အဖိုး ဦးအိုက်ရွှေ။ အမေတို့ ငယ်ငယ်က။ မျောက်တစ်ကောင် မုဆိုးများ ရလာသည့်အတွက် ချက်စားရန် မီးမြိုက်ကာ အမွေးနှုတ်ကြသည်ဟုဆိုသည်။ မျောက်မျက်နှာမှာ အမွေးများ နှုတ်ပြီးတော့ တကယ့် အဖိုးကြီးရုပ်ဟု ဆိုပါသည်။ ထိုကတည်းက အဖိုးမျောက်သား မစားတော့။ ထိုကြောင့်လည်း "မျောက်သားစားချင် မျောက်မျက်နှာ" မကြည့်နဲ့ ဟုဆိုတာဖြစ်ပါမည်။
အောက်တွင် ပြထားသည့် ဖားဥဘ၀မှ အရွယ်ရောက် ဖားဖြစ်လာသည် အထိ တစ်ဆင့်စီကို သေချာမြင်ရသည်။ လယ်ကွက်ထဲ မြင်မြင်နေရသည်။ မိုးဦးဖားကျအပြီး သိပ်မကြာခင် လယ်ကွက်ထဲတွင် ဖားဥတွဲများ။ ကျောက်ကျောလို တုန်တုန်။ ပျော့စိစိ ပျစ်တွဲတွဲ အရည်များ။ ကောက်ပင်များကြား။ သမန်းမြက်များကြားကပ်လျက်၊ တွယ်လျက်။ နောက်ရက်အတော်ကြာလာတော့ လှုပ်စိစိ အကောင်လေးများဖြစ်လာသည်။ သေးသေးလေးတွေ။ နောက် ငါးကလေးတွေလို အသင်းလိုက် ဟိုးဖက်ကူးလိုက် သည်ဖက်ကူးလိုက်ဖြင့်။ အုံနှင့် ကျင်းနှင့်။ နည်းနည်းနောနော ဖားလောင်းတွေ မဟုတ်။ မည်းမည်းလေးတွေ။ အုပ်လိုက် ရွေ့နေသည်။ နောက် နည်းနည်း ၀တုတ်လေးတွေဖြစ်လာပြီး။ ခြေထောက်လေးတွေ ထွက်လာသည်။ ကိုးယို ကားယားကောင်တွေ။ ငါးလိုလို ဖားလိုလို။ ငါးတစ်ပိုင်း ဖားတစ်ပိုင်း။ လက်တွေထွက်၊ ခြေထောက်တွေရှည်လာပြီး အမြီးတိုလာသည်။ ကုန်ပေါ်တက်လာတော့ အမြီးက တန်းလန်း။ "ဖားတွေ အမြီးတန်းလန်း တန်းလန်း" နှင့် အတော်ရယ်စရာကောင်းသည်။ ခုန်တော့လည်း သိပ်ဝေးဝေး မရောက်သေး။ အမြီးပျောက်တော့မှ။ ဆောင့်ကြွားကြွား ဖားကြီးဖြစ်တော့သည်။

ဖားအကြောင်းပြောရင်။ ကာတွန်းဆရာ အော်ပီကျယ်ရေးထားသည့် ကာတွန်းလေးသွားသတိရသည်။ သူ့ကာတွန်းလေးပြလိုသည်။ (ခွင့်ပြုပါ ဆရာအော်ပီကျယ်ခင်ဗျာ)။ အတော်ထိမိသည့် ကာတွန်းဖြစ်သည်။



ကြက်ပေါက်ကလေး လောကကြီးကိုရင်မဆိုင်ရဲသည့်အတွက် ပြန်ပြေးလာပြီး ဖားအသွင်ပြောင်းပြီးမှ ပျော်ရွှင်စွာ ခုန်ထွက်သွားပုံ ...။ ဘာကို ဆိုလိုမှန်းတော့ ကျွန်တော်မသိပါ။ အတော် အသက်ဝင်တာကို သဘောကျသည်။ (:P)



အကောင်ကြီးသည့်အတွက် ကြောက်ကာပြေးနေရသည်။ အရေခွံကွာ သွားတော့မှ "ဖား" ဖြစ်နေသည်။ ဆရာအော်ပီကျယ်က ဘာကိုဆိုလိုသလဲ ကျွန်တော်နားလည်နိုင်စွမ်းမရှိပါ။ "ဖား" က လူရုပ်ကြီးဖြစ်နေစဉ် မြင်ရတော့ ဆေးရုံးထဲမှ ပတ်တီးအဖွေးသားနှင့် အလောင်းကောင်ကြီးကို မြင်မိကာ "ဖားကလေး" ကို ကျွန်တော်လည်း အမှန်ပင် ကြောက်မိပါသည်။
လယ်ကွက်ထဲမှ ဆူညံလွန်းလှသော ဖားသံကို သတိရသည်။ အသံကျယ်သလောက် အကောင်ကသေးသည်။ ဆင်ဆိုသည့် သတ္တ၀ါ ကမ္ဘာဦးအစက ဒီလောက်မျက်စိမကျဉ်းဟုဆိုပါသည်။ ဖားကြောင့်ကျဉ်း သွားသည်ဟု ရွှေသွေး စာစောင်ထဲ ဖတ်ဖူးသလိုရှိသည်။ အသံက ကျယ်လွန်းလှသည့် အတွက် ဖားသံကြားစက ဆင်က သူ့ထက် အကောင်ကြီးမည်ထင်ပြီး ကြောင်ကာပြေးသည်။ နေ့စဉ်ကြားနေရတော့ စူးစမ်းလိုလာသည်။ တစ်တောင်ပြီး တစ်တောင်ဖြတ်ကာလိုက်ရှာသည်။ မတွေ့။ နောက် တွေ့မှ တွေ့တော့။ သစ်ရွက်အောက်မှာ။ ဆူဆူညံညံ အသံကြီးကြောင့် ရဲရဲပင် မလှန်ရဲ။ မရဲတရဲဖြင့် သစ်ရွက်ကလေးကို နှာမောင်းဖြင့် အရဲစွန့်ကာ မ လိုက်တော့မှာ အောက်က ဖားဖြစ်နေသည်။ ဆင်မှာ ထိုမျှလောက်ဖားပိစိလေးမှ သူ့ထက်ကျယ်သော အသက်ထွက်နေသည့် အတွက် အူတက်မတတ် ဟားတိုက်ရယ်။ မျက်လုံးကို စိစိပိတ်ပြီး အားရ ပါးရ ရယ်မောရာမှ မျက်လုံးများ သေးငယ်သွားပြီး။ ယခုလို ဆိုဒ် (size) ဖြစ်နေသည်ဟုဆိုသည်။
ထို့ကြောင့် သတိပေးလိုသည်။ ကျွန်တော့် ဘလော့ဖတ်ကာ သိပ်မရယ်ကြပါနှင့်။ မျက်လုံးပေါက်များ ကျဉ်းပါက ကျွန်တော်နှင့် မဆိုင်ကြောင်း။ မိမိ အပေါက် ကျဉ်းသည်မှာ မိမိ တာဝန်သာဖြစ်ကြောင်း၊ ပြောကြားရင်း ဒီပို့စ်ကို ဒီမှာနားပါရစေဦးဟု.....
.
.
မေတ္တာဖြင့်
စိုင်းခမ်းထွန်း
Saing Khan Tun