သူကျွန်တော့်အပေါ်ဒေါသထွက်တာ တစ်ခါမှမမြင်ဖူးခဲ့ဘူး။
“အိုကေ … နောက် မသောက်တော့ပါဘူးကွာ ….အေ့ …”
“နင်ငါပြောတာ နားမထောင်ဘူးလားဂျက်စီ”
“ဟာ …. နင်လေသံက ..အေ့ … ငါ့အမေလေသံအတိုင်းပဲ … အေ့ …”
“ငါ ဘရက်ဒီကို လာကြိုဖို့ ခေါ်လိုက်တော့မယ်”
“ဟာ .. နင်အစ်ကိုကို ဒုက္ခသွားမပေးပါနဲ့။ ငါဘာမှ မဖြစ်ပါဘူးဟ။ မောင်းနိုင်ပါတယ် … အေ့ …”
ကျွန်တော် ကားထဲဝင်ပြီး ကားစတီယာရင်ခွေပေါ် ခေါင်းချပြီး ကားမောင်းဖို့ကြိုးစားတော့ အမ်ဘာက အပြင်ကနေ ကားတံခါးကို တဘုန်းဘုန်းထုရင်း ..
“နင်ဘာလုပ်နေတာလဲ”
“ဂျက်စီ ခုချက်ချင်းတံခါးဖွင့်စမ်း။ နင်ဒီပုံနဲ့ ကားမောင်းလို့ မဖြစ်ဘူးဆိုတာ မသိဘူးလား”
“ဖြစ်ပါတယ် အမ်ဘာရယ် … အေ့ …”
“နေဦးငါနင်နဲ့လိုက်မှဖြစ်မယ်။ နင်တစ်ယောက်တည်းသွားလို့ မဖြစ်ဘူး။ သူပြောပြီးကားထဲဝင်လာတယ်။ ကားသော့ကို ဆွဲလုဖို့ကြိုးစားတယ်။ ဒါပေမယ့် သူကားတံခါးပိတ်ပြီးတာနဲ့ ကျွန်တော်က မောင်းထွက်လာခဲ့ပြီ။ စမောင်းတော့ ၁ နာရီ ၁၀၀ ကီလိုမီတာနှုန်း။ ချက်ချင်းပဲ ကီလို ၁၆၀ ထိ တက်လာတယ်။
“ဂျက်စီ… နင်မောင်းလို့မဖြစ်ဘူး။ တို့ အစ်ကိုကို ခေါ်ရအောင်။ မနက်ဖြန်မှ နင့်ကာ ပြန်လာယူရအောင်နော်”
“အာ … ရပါတယ် … ငါမောင်းနိုင်ပါတယ်ဆို .. အေ့”
“ဂျက်စီရေ … အရှိန်လျော့ပါဦး။ သိပ်မြန်လွန်းနေပြီ။”
“မြန်ပါဘူးဟ”
“ဘာပြောတယ် ခု ကီလို ၁၆၀ ရှိနေပြီ”
“ရပါတယ် အမ်ဘာရယ်။ ငါထိန်းနိုင်ပါတယ်။ ငါဘယ်တုန်းကများ နင့်ကို အနာတရဖြစ်အောင် လုပ်ဖူးလို့လဲကွာ”
“ဂျက်စီ၊ ရပ်ပါတော့၊ ငါကြောက်လာပြီ။ အီး … ဟီး ….” သူမငိုပါလေပြီ။
“ဟာ နင်ဘာမှ မဖြစ်စေရပါဘူးကွ”
“ငါကတိပေးပါတယ်ဟာ .. နင်ဘာမျှ မဖြစ်စေရပါဘူး”
“ဂျက်စီ .. ဟိုမှာ …….”
ကျွန်တော်အာရုံတွေကို လမ်းပေါ်ပြန်စိုက်လိုက်တယ်။ ကားတစ်စီးက ကျွန်တော့ဆီတည့်တည့်ကြီး ၀င်ချလာပြီ။ ကျွန်တော် အမ်ဘာကိုယ်ပေါ်ကို ကျွန်တော့်ကိုယ်နဲ့ကာလိုက်တယ်။ ဒါပေမယ့် သူ့ခေါင်းက ကားတံခါးကို အစိတ်စိတ်အမြွာမြွာ ဖြစ်သွားအောင် တိုက်မိသွားပြီ။
အခန်း (၅)
နာရီအတော်ကြာသတိမေ့နေပြီး။ ကျွန်တော်သတိရလာတော့ ဆေးရုံပေါ်မှာ ထိခိုက် ရှနာ နည်းနည်းရထားသည်။
“အမ္ဘာ ….. အမ္ဘာ…” ကျွန်တော် အော်ခေါ်မိသည်။
နပ်စ်မတစ်ယောက်ပြေးဝင်လာသည်။
“အမ်ဘာ ဘယ်မှာလဲဗျာ … ပြောပါ …အမ်ဘာ ဘယ်မှာလဲဟင် …” ကျွန်တော် တရစပ်မေးနေမိတယ်။
“နေသာရဲ့လား ကောင်လေး”
နပ်စ်မ ကျွန်တော့် သွေးခုန်နှုန်းကိုစမ်းရင်းမေးတယ်။
“ဟာဗျာ … ကျွန်တော်သူ့ကိုတွေ့ချင်တယ်” ပြော ပြီး ကျွန်တော်အိပ်ရာပေါ်က လူးလဲထတယ်။
နပ်စ်မက ကျွန်တော့်ကို ဖမ်းထိန်းပြီး အိပ်ရာထဲပြန်လှဲနေဖို့ ကြိုးစားပေမယ့် ကျွန်တော်က ပိုအားရှိတော့ သူလက်လျော့လိုက်ရတယ်။ အမ်ဘာရှိတဲ့အခန်းကိုပြောပြတယ်။ အခန်းထဲရောက်တော့ ဆေးပိုက်တွေ၊ ချိတ်ဆက်ထားတဲ့စက်တွေနဲ့ မလှုပ်မယှက်ဖြစ်နေတဲ့ အမ်ဘာ့ကိုတွေ့တယ်။ ကျွန်တော့နှလုံးသားထဲ ဓားနဲ့ထိုးလိုက်သလိုပါပဲ။ သူ့ဖေဖေနဲ့မေမေကို သူ့ဘေးမှာတွေ့ရတယ်။ သူတို့တွေ ကျွန်တော့်ကို မော်ကြည့်လာတယ်။
“ကျွန်တော် … ကျွန်တော် ….” ဘာမှ ထပ်မပြောနိုင်တော့ဘူး။
သူ့မေမေကျွန်တော့်ဆီပြေးလာပြီး ကျွန်တော့်ကို ရိုက်မယ့်အစား၊ ဆဲမယ့်အစား ကျွန်တော့ကို သေချာကြည့်၊ ဖက်ပြီးတော့ ငိုတော့တာပဲ။ သူ့ဖေဖေလည်း အဲလိုပါပဲ။ သူတို့တွေ ကျွန်တော့်ကို ခွင့်လွတ်တယ်ဆိုတာ ကျွန်တော်သိလိုက်တယ်။ ဒါပေမယ့် ကျွန်တော့်ကို ကျွန်တော် ခွင့်မလွတ်နိုင်တော့ဘူး။ ကျွန်တော် သူ့ခုတင်ဘေးမှာ ထိုင်ချပြီး၊ သူလက်ကလေးကို ညင်ညင်သာသာဆွဲယူ ကျွန်တော့ ရင်ခွင်ထဲသွင်းပြီး၊ သူကျွန်တော့်ဆီ ပြန်လာမယ့် အချိန်ထိ ကျောက်ရုပ်ကြီးလို ငူငူကြီး ထိုင်နေမိခဲ့တယ်။ လူတွေက ကျွန်တော့ကို အနားယူဖို့ပြောကြတယ်။ ကျွန်တော်ဘာကိုမျှကို ဂရုမစိုက်တော့တဲ့အတွက် သူ့ဘေးမှာ ကျွန်တော့်ကို ထားပြီး ထွက်သွားကြတယ်။
ကျွန်တော်ဘယ်မှ မသွားဘူး။ ဘာမျှမစားဘူး။ ၂ ရက်လောက်ကြာပြီးတဲ့နောက် အမ်ဘာနိုးလာတယ်။ ဆရာဝန်ကို ခေါ်ဖို့ ကျွန်တော်လုပ်တော့။ သူကတားတယ်။
“မင်းနိုးလာပြီနော်…” မျက်ရည်တွေကျရင်း ကျွန်တော်ပြောနေမိတယ် ။
“နင်နေကောင်းရဲ့လား” သူပြုံးပြီး တိုးတိုးလေးပြောတယ်။
“အင်းကောင်းတယ် .. ငါ့ရင်ထဲဘယ်လောက်ဗြောင်းဆန်နေတယ်ဆိုတာ နင်သိလား။ ခု နင်ပြန်နိုးလာတာ ငါဘယ်လောက်ဝမ်းသာတယ်မှတ်လဲ ..”
“ဂျက်စီရယ် ….”
“အင်း ..ဘာလဲ …အမ်ဘာပြောလေ ”
“ငါ နင့်ကို ချစ်တယ်”
“ငါလည်း နင့်ကို ချစ်တာပဲ .. ဒါပေမယ် …”
“ဖေဖေ၊ မေမေ နဲ့ ဘရက်ဒီကို ပြောပေးပါ။ သူတို့ကိုငါချစ်ပါတယ်လို့။ ပြီးတော့ နင့်ငါ့ကို ကတိပေးပါ … နင့်ငါ့ကို ဘယ်တော့မှ မေ့မပစ်ပါဘူးလို့”
ပြောရင်း သူငိုသည်။
“ဘာ … မပြောနဲ့ … နင်ငါ့ကို ထားပြီး ထွက်မသွားရဘူး” ငိုရင်း ကျွန်တော်ပြောသည်။
“ငါနင့်ကို ချစ်တယ် ဂျက်စီရယ် …”
သူမျက်ရည်တွေ တတွေတွေကျရင်း မျက်လုံးတဖြည်းဖြည်းပိတ်သွားတယ်။
“မသွားနဲ့ … ငါ့ကို ထားပြီး မသွားပါနဲ့ ..”
ပေါက်ကွဲထွက်မတတ် အော်ပစ်လိုက်သည်။
အမ်ဘာ့ဖေဖေပြေးဝင်လာသည်။ နှလုံးခုံနှုန်းပြစက်က နှလုံးရပ်သွားကြောင်းပြနေပြီ။ ဆရာဝန်နှင့် နပ်စ်မများ ရောက်လာသောအခါ သူ့ဖေဖေလက်ထဲ အမ်ဘာ့ကို ထည့်ပေးပြီး ကျွန်တော် လမ်းပေါ်ပြေးထွက်သွားမိသည်။
အခန်း (၆)
ဆရာဝန်တွေ တတ်နိုင်သမျှ ကြိုးစားကုသခဲ့ကြပေမယ့် အမ်ဘာတစ်ယောက် ဆုံးပါးသွားခဲ့သည်။ ကျွန်တော်တို့ သူ့ကို ထာဝရ ဆုံးရှုံးလိုက်ရပြီ။ ဘယ်တော့မှ ပြန်မလာမယ့်လမ်းကို ထွက်သွားခဲ့ပြီ။ ဒီနေ့ထိအောင်ပဲ လူတွေက အမ်ဘာ့အကြောင်းပြောရင် ကျွန်တော့နာမည်ပါစမြဲပါပဲ။ သူတို့တွေ ဘာပြောပြော ကျွန်တော် စိတ်မဆိုးမိပါဘူး။ ဒီနေ့ ဒီလိုအချိန်မှာ …အမ်ဘာ ကျွန်တော့်ကို စွန့်ခွာသွားခဲ့တာပါ။ ခု ကျွန်တော် … အိပ်ယာပေါ် တစ်ယောက်တည်းလဲရင်း …. ပါးပြင်ပေါ် မျက်ရည် တလှိမ့်လှိမ့်စီးကျရင်း …. အမ်ဘာ့ဓာတ်ပုံလေးကို လက်ထဲမှာကိုင်ထားရင်းနဲ့ ….. ဆွေးဆွေးမြေ့မြေ့လွင့်ပျံ့လာတဲ့ ရေဒီယို သီချင်းလေးကို … နာကျင်စွာ ခံစားနေမိပါတယ် …
မင်းက မိုင်ပေါင်းများစွာ အဝေးမှာေ၇ာက်နေပေမယ့်
ငါမင့်ကို ဘယ်တော့မှ မမေ့ဘူးဆိုတာလေးတစ်ခုတော့ မင်းသိစေချင်တယ်
ငါ့အခန်းထဲမှာ တစ်ယောက်တည်းထိုင်ရင်း
ရေဒီယိုသီချင်းလေးနားဆင်ရင်းနဲ့
ငါတို့နားထောင်နေကြ သီချင်းလေးပါပဲ
ငါ့အိပ်ယာဘေးမှာ ထားတဲ့ မင့်ဓာတ်ပုံလေးကို
မြဲမြဲဆုပ်ကိုင်ရင်း
မင်းပြောခဲ့တာတွေ ကြားယောင်နေမိတယ်
“ငါမင့်ကို ချစ်တယ်။ ငါဘယ်ရောက်ရောက် မင့်အကြောင်းတွေးနေမယ်”
မင်းငါ့ဆီပြန်လာတဲ့နေ့ထိအောင်ပါပဲ အချစ်ရယ်။
ငါ့ရင်ထဲက အချစ်တွေ မင့်ဆီပို့လိုက်ပါ့မယ်
ငါမင့်ကိုလွမ်းတယ် ငါလွမ်းတယ်အချစ်ရယ်
မျက်ရည်တွေလည်း မိုးလိုသည်းနေပြီကွယ်
ငါတို့နှုတ်ဆက်ခဲ့ကြရတုန်းကတည်းက
ငါ့အသည်းတွေ ကွဲခဲ့ပါပြီအချစ်ရယ်
နောက်ကျန်တဲ့ ငါ့အသက်ကတော့ ၀ိညာဉ်မဲ့နေပါပြီကွယ် ...
...
အမ်ဘာ့ကို ကျွန်တော် ကတိပေးခဲ့ဖူးတယ်။
သူဘာမှမဖြစ်စေရပါဘူးလို့။ အဲဒီကတိ ကျွန်တော်ပျက်ခဲ့တယ်။ ဒါပေမယ့် သူတောင်းခဲ့တဲ့ နောက်ကတိတစ်ခုကိုတော့ ကျွန်တော် ဘယ်သောအခါမှ ဖောက်ဖျက်မှာ မဟုတ်ပါဘူး။
သူ့ကို ဘယ်တော့မှ မေ့မပစ်ပါနဲ့ဆိုတာလေ။
ကျွန်တော်ဘယ်မေ့နိုင်ပါ့မလဲ သူက ကျွန်တော့် အချစ်ဆုံးလေ။ ဘယ်သောအခါမှ မမေ့နိုင်တော့မယ့် ကျွန်တော့ ချစ်သူလေ ….
ပြီးပါပြီ။
.
.
NEVER FORGET
by Sarah Duval
ကို ခံစားတင်ပြသည်။
.
.
3 comments:
ဝတ္ထုလေး ဖတ်သွားတယ်ဗျို့။
golden goose outlet
jordan 13
yeezy
curry 7
longchamp
pandora
bape hoodie
golden goose
kyrie 7
supreme clothing
bhu115bnqz
golden goose outlet
golden goose outlet
golden goose outlet
golden goose outlet
golden goose outlet
golden goose outlet
golden goose outlet
supreme outlet
golden goose outlet
golden goose outlet
Post a Comment