ဗိုက်ဖြည့်ပြီနောက် ဘယ်သွားလည်ရင် ကောင်းမလဲဟု ခဏစဉ်းစားသည်။ ထိုစဉ် ရထားလေး က အောက်ဖော်ပြပါ ဘူတာလေးသို့ ဆိုက်ရောက်လာသည်။ ရထားစီးလိုက်ဦးမှဟု စဉ်းစားကာ ဘူတာသို့ ၀င်သည်။ ဘူတာတွင်း၌ ခရီးသည်များကို ရထားပေါ် ဂရုတစိုက်တင်ပေးသော ၀န်ထမ်းလေးများရှိသည်။ ရထာတွဲက လေးတွဲလောက်ရှိမည် ထင်သည်။ ကျောဖက်ခြမ်းကို ပိတ်ထားသည်။ Disneyland ရှိရာဖက် အခြမ်းကို ဖွင့်ထားသည်။ ခုံ ကို အလျားလိုက် ၂ တန်း စီထားသည်။ ရှေ့ခုံကနိမ့်ပြီး နောက်ခုံကမြင့်သည်။ ထို့ကြောင့် ရှုခင်းကြည့်ရန်အဆင်ပြေသည်။

ရထားက သိပ်မြန်မြန် မမောင်းပါ။ ဖြေးဖြေးလေးသာ။ ရထားဖြတ်မောင်းသွားရာ တလျှောက် ရှုခင်းများက တောထဲ၊ တောင်ထဲ ရောက်သလို။ တိရိစ္ဆာန် ရုံထဲရောက်သလို။ မြင်ခဲ့ရသော ရှုခင်းများကို ခံစားကြည့်နိုင်ရန် ဓာတ်ပုံများကို ဖော်ပြလိုက်ပါသည်။

ရေကစားနေကြသော ဆင်များ




အားလုံးက အရုပ်တွေချည်းပါ။ တကယ့်ဆင်တွေ၊ တကယ့်မြင်းကျားတွေ မဟုတ်။ ရထားအဖြတ်တွင် တွေခဲ့ရသော ရှုခင်းများက လွမ်းစရာလိုလို။
4 comments:
ဒါဆို အားလုံး အတုတွေပဲလား
မသိလို့မေးကြည်တာ ဆင်က ဆင်း ဖြစ်နေတယ် ဟီးး
အဆုံးကနေ အစထိဖတ်သွားပါတယ် .. ဟောင်ကောင်ခရီးစဉ်ကို .. ကျောင်းတော့မပြီးသေးဘူး .. နောက်မှဆက်တော့မယ်း)
balenciaga shoes
golden goose outlet
yeezy boost 350
air jordan
off white
supreme clothing
jordan 12
curry 8
supreme outlet
nike shox for men
More Bonuses read here hop over to these guys read review Learn More more
Post a Comment