October 27, 2008

တရုတ်ကြက်ဥများတွင် မယ်လမင်းတွေ့ခြင်း

တရုတ်မှ ဟောင်ကောင်သို့တင်ပို့သောကြက်ဥများတွင် မယ်လမင်းများ ပါရှိကြောင်းတွေ့ရှိရပြန်သည်။ မယ်လမင်းဓာတုပစ္စည်းသည် ကျောက်တည်မှုကို ဖြစ်စေနိုင်ပြီး၊ ဆီးလမ်းကြောင်းဆိုင်ရာ ရောဂါများကို ဖြစ်စေနိုင်သည်။ အထူးသဖြင့် ကလေးများအတွက် ပိုဆိုးသည်။ လူထုအတွက်စားသုံးရန် မသင့်လျော်သော ပမာဏထိပါဝင်နေသည်။ မယ်လမင်းကို ပလတ်စတစ်ပစ္စည်းများထုတ်လုပ်ရာတွင်သုံးသည်။ တရုတ်နိုင်ငံထုတ် ဆန်းလူအမှတ်တံဆိပ် နို့မှုန့်များတွင် မယ်လမင်းဓာတု ပစ္စည်းများကို တွေ့ခဲ့ရသည်။ ကလေးထောင်ပေါင်းများစွာ ကျောက်ကပ်နှင့် ဆီးလမ်းကြောင်းဆိုင်ရာရောဂါများဖြစ်ပြီး အချို့မှာ သေဆုံးခဲ့ကြသည်။ တရုတ်နိုင်ငံမြောက်ပိုင်းရှိ ဒေလီယန် မှ ကြက်ဥတစ်သေတ္တာကို လွန်ခဲ့သောတနင်္ဂလာနေ့က နမူနာယူ စတင်စစ်ဆေးခဲ့သည်။ ကြက်ဥအားလုံးတွင် ခွင့်ပြုထားသော ပမာဏထက် ၂ ဆကျော်တွေ့ရှိခဲ့ရသည်။ ကြက်များကို ကျွေးသော အစာမှတဆင့် ကြက်ဥတွင်းရောက်ရှိခြင်း ဖြစ်သည်ဟု ယူဆထားကြသည်။