October 6, 2008

ကြောင်ကလေးအတွက် ပေါင် ၁ သောင်း သုံးစွဲသူ


ဗြိတိန်နိုင်ငံအရှေ့တောင်ပိုင်းရှိ အိမ်မွေးတိရိစ္ဆာန်ပိုင်ရှင်တစ်ဦးသည် သူတို့အချစ်တော် ကြောင်ကလေးအတွက် “ညောင် …. ညောင်” ဟူသော ကြောင်သံလေး ပြန်ထွက်လာရန် ပေါင် ၁၀, ၀၀၀ သုံးစွဲခဲ့သည်ဟု Daily Telegraph သတင်းဌာနက ပြောကြားခဲ့သည်။ အသက် ၄၀ အရွယ်ရှိ ဂျင်းကယ်လီ (Jean Kelly) ဟူသော အမျိုးသမီးသည် သူ၏ ၁၃ နှစ်အရွယ်ကြောင်ကလေး ကတ်ဘာရီ (Cadbury) ရုတ်တရက် အသံမထွက်နိုင်ပဲဖြစ် သွားသောကြောင့် ဆရာဝန်ထံသွားပြရာ ကြောင်ကလေး၏ လည်ချောင်းကို ခွဲစိတ်ရမည်ဖြစ်ကြောင်း သိရသည်။ ကြောင်ကလေးကို နဂိုအသံပြန်ထွက်နိုင်အောင် ၂ ခါ ခွဲစိတ်ခဲ့ရသည်။ ပေါင် ၅၀၀၀ ကုန်သည်။ အောင်စီဂျင်လွှတ်ထားသောတဲလေးထဲတွင် ၆ ရက်ကြာထားခဲ့ရပြီး၊ ၆ လကြာ နပ်စ်များဖြင့် ပြုစုစောင့်ရှောက်ခဲ့ရသည်။ ထိုအတွက် ပေါင် ၅၀၀၀ ထပ်ပေးရပြီး၊ စုစုပေါင်း ပေါင် ၁၀, ၀၀၀ ကုန်ကျခဲ့သည်။ ထိုငွေအတွက် ကယ်လီသည် ပေါင် ၆၀၀၀ ကို သူမ၏ အာမခံကုမ္ပဏီမှ ရရှိခဲ့ပြီး။ ကျန်ငွေ ပေါင် ၄၀၀၀ ကို နမီဘီယာ (Namibia) သို့ အပန်းဖြေထွက်မည့် သူမ၏ ခရီးစရိတ်ကို ကတ်ဘာရီအတွက် သုံးစွဲလိုက်ခြင်း ဖြစ်သည်။ ပိုက်ဆံကုန်သော်လည်း သူမက ခွဲစိတ်ကုသမှုနှင့် နပ်စ်များ၏ပြုစုစောင့်ရှောက် စရိတ်သည် အလွန်ထိုက်တန်သည်ဟု ဆိုပါသည်။ ထိုကုန်ကျငွေမှာ ကိစ္စမရှိကြောင်း၊ သူ့ကြောင်ကလေး၏ ဘ၀နှင့် အသက်အတွက်ဖြစ်ကြောင်း၊ သူမ၏ကြောင်မှာ အသက်မငယ်တော့မှန်းသိသော်လည်း သူကြောင်လေးအတွက် ကုန်ကျရသည်ကို ကျေနပ်ကြောင်း၊ ယခု သူ့ကြောင်းလေးအိပ်ပြန်ရောက်ကာ တညောင်ညောင်အော်နေနိုင်ပြီဖြစ်ကြေား ၀မ်းသာအားရပြောပြသွားခဲ့သည်။