August 9, 2009

ဆွေးနွေးခန်း (၁)


လူတွေနဲ့ မဆွေးနွေးပဲ အရာဝတ္ထုတွေနဲ့ ဆွေးနွေးပွဲ လုပ်ကြည့်ဖို့စိတ်ကူးရတယ်။ နီးနီးနားနား အခန်းထဲရှိတဲ့ အရာဝတ္ထုတွေနဲ့ ဆွေးနွေးကြည့်ဖို့ စိတ်ကူးတယ်။ ဆွေးနွေးတယ်ဆိုတာ အပြန်အလှန်ဆက်သွယ်ကြဖို့လိုတယ်။ သူတော့က ဘာမှ ပြောမှာ မဟုတ်တော့ ကျွန်တော်ကပဲပြောပြီး ကျွန်တော်ကပဲ သူတို့ကိုယ်စား ပြန်စဉ်းစားဖြေရမှာဖြစ်တယ်။ အမှန်တော့ သူတို့နေရာ ခဏ၀င်ပြီး ကိုယ်မေးတာ ကိုယ်ဖြေခြင်းပါပဲ။ ကျွန်တော်မသိနားမလည်းသေတာတွေလည်း သူတို့ပြောပြမယ်။ သူတို့မှာ ရှိနေတာတွေကို ကျွန်တော်သိလာဖို့ အကြောင်းတွေလည်း ဖြစ်ကောင်းဖြစ်မယ်။ စိတ်ဆိုတာ တစ်ခုတော့ လုပ်နေတတ်တဲ့ အတွက် ကျွန်တော်လည်း တစ်ခုတော့ လုပ်ကြည့်မယ်။


စကြည့်မိပြီး စကားပြောမိတာက ကျွန်တော့ အမြင်အာရုံကို ဖြစ်စေတဲ့ မီးချောင်းဖြစ်တယ်။

(၁)မီးချောင်းကအလင်းရယ်၊

(၂) မြင်စရာအရာဝတ္ထုရယ်၊

(၃) အလင်းကို အာရုံခံနိုင်တဲ့ ကျွန်တော့်မျက်စိရယ်၊

(၄) ကျွန်တော့်စိတ်ရယ် ပေါင်းမှ

မြင်တာဖြစ်တယ်လို့ဆိုတယ်။

ဒီမီးချောင်းလေးသာ အလင်းထွက်မနေရင် ကျွန်တော်မမြင်ဘူးပေါ့။

မြင်စရာမရှိတဲ့ နေရာတစ်ခုထဲကျွန်တော်ရောက်နေရင် ကျွန်တော် ဘာမှ မြင်မှာ မဟုတ်ဘူးပေါ့။

ကျွန်တော့်မျက်စိသာမရှိခဲ့ဘူးဆိုလည်း ကျွန်တော် မမြင်ဘူးပေါ့။

ဒါတွေကို သိတတ်တဲ့ ကျွန်တော်စိတ်သာ မရှိခဲ့ဘူးဆိုလည်း ကျွန်တော် မမြင်ဘူးပေါ့။


ဒါကြောင့် မီးချောင်းလေးရဲ့ ကျေးဇူးကလည်းကြီးတယ်လို့ စဉ်းစားလို့ရတယ်။ မြင်စရာတွေရှိနေတာကလည်း ကျေးဇူးတင်စရာပဲ သူတို့တာမရှိရင် ကျွန်တော် အထီးကျန်နေမှာ (လောလောဆယ် ခံစားမှုပေါ့နော်)။ ကျွန်တော့်မှာသာ မြင်နိုင်တဲ့ မျက်စိလေးမရှိရင် ဒီလိုဘယ်ရေး ဘယ်ပြောနိုင်ပါ့မလဲနော်။ မျက်စိမကန်း ခဲ့တာကိုက နည်းတဲ့ ကုသိုလ်မဟုတ်။ မျက်စိဆိုတာ ပျက်စီးဖို့လွယ်လွယ်လေးပဲ။ သြော် .. ဒီလိုဆို ဒီမျက်စိတွေ၊ ဒီခြေတွေလက်တွေ ဒီအသက်တွေ ဖြစ်တည်စေခဲ့တဲ့ မိဘကျေးဇူးဆိုတာ ပြောမပြနိုင်အောင်ပါလား။ ငယ်ငယ်က ပိုးကလေးတစ်ကောင်လို အနှီးလေးထဲ လက်ကလေးလှုပ်လှုပ်၊ ခြေကလေးလှုပ်လှုပ် ဘ၀က အဖေ၊ အမေ၊ ဆွေတွေ မျိုးတွေသာ ဂရုမစိုက်ခဲ့ရင် ကျွန်တော့်ကို ကြောင်တစ်ကောင်ကလည်း စားပစ်နိုင်တာပဲ။ ကြွက်တစ်ကောင်ကလည်း စားပစ်နိုင်တာပဲ။ အသေးကွေးဆုံး ပုရွက်ဆိတ်လေး တစ်ကောင်ကတောင် ကျွန်တော့်ကို သေအောင်စွမ်းနိုင်တာပဲ။ သြော် ... ကျေးဇူးဆိုတာ တွေးတတ်သိတတ်မှ ထင်လာတဲ့ အရာတွေပါလား။ ကျေးဇူးဆိုတာက နဖူးမှာ လာထင်နေတာမဟုတ်ဘူးလေ။ နှလုံးသွင်းဆင်ခြင်မှ သိမြင်တတ်တာမျိုး။ အဲတာတွေ မမြင်တော့ ကျေးဇူးမရှိဘူး ထင်ကြတာပေါ့။


အဲ မီးချောင်းလေးနဲ့ စကားပြောမယ့် ကိစ္စတောင် ဘယ်ရောက်သွားပါလိမ့်။ ကျွန်တော်အခန်းကို လင်းနေစေတဲ့ မီးချောင်းလေးက အဖြောင့် မဟုတ်ဘူးဗျ။ ကွေးကွေး။ နောက်ပြီး အဖြူရောင်ဇလုံလိုအရာထဲ တပ်ထားတာဆိုတော့ အဖြူရောင် ပန်းကန်လုံးကြီးမီးလင်းနေသလိုပေါ့။ မီးချောင်းကွေးကွေးကို အဲဒီ ဖန်ဇလုံထဲ ထည့်ထွန်းထားတာမျိုးဆိုတော့ ဖန်ဇလုံထဲ ပိုးကောင်လေးတွေ ကျသေနေတာ တွေ့ရတယ်ဗျ။ တော်တော်များတယ်။ ကျွန်တော့် အထင် ထောင်ချီမယ်ထင်တာပဲ။ အဲလို ဇလုံလောက်ရှိတဲ့ မီးချောင်းလေးထဲ ကျသေနေတဲ့ ပိုးကောင်က ထောင်ချီတယ်နော်။ သိပ္ပံသင်ထားခဲ့ဖူးတဲ့ ကျွန်တော်က အဲဒီပိုးကောင်လေးတွေရဲ့ ကိုယ်ထဲမှာ ကပ်ပြီး တည်မှီကျက်စားနေကြတဲ့ ပိုသေးတဲ့ ကပ်ပါးပိုကောင်လေးတွေကို သွားမြင်ပြန်တယ်။ စိတ်ကူးနဲ့ပေါ့နော်။ လူတွေ ခွေးတွေ သေရင် စားသောက်ကြတဲ့ လောက်လန်းတွေ၊ ဘက်တီရီးယားတွေရှိသလို။ ဒီပိုးကောင်းလေးတွေသေတော့ စားသောက်ကြတဲ့ ပိုးတွေ ဘက်တီးရီးယားတွေလည်း အပုံကြီးနေမှာပဲ။ အင်း စိတ်ကူးကြည့်တော့ အဲဒီနေရာလေးမှာတင် သတ္တ၀ါပေါင်းက သန်းချီနေပါလား။ ဒါကြောင့်လည်း စကြ၀ဠာ အနန္တ၊ သတ္တ၀ါ အနန္တပြောတာပဲ။


ပြောသာပြောရတယ်။ ဒီပိုးကောင်လေးတွေအတွက် ဒီဇလုံပုံစံဖန်ခွက်ကလေးက အကြီးကြီး အကျယ်ကြီးပဲ။ ကျွန်တော့်အတွက်သာ ကလေးကစားစရာလိုဖြစ်နေတာလေ။ ဒီအထဲဝင်သွားရင် ဒီလိုပိတ်မိနိုင်တယ်ဆိုတာ ကျွန်တော်ကတော့ သိနိုင်တယ် သူတို့ကလေးတွေတော့ သိနိုင်မှ မဟုတ်ဘူး။ သြော်ဒါက အသိဉာဏ် အဆင့် အတန်းဆိုတာကိုပြတာပဲ။ ဘယ်လိုမှ မသိနိုင်တဲ့ အရာ ဆိုတာ ရှိတယ်ဆိုတာလေ။ ကျွန်တော်သာ ပိုးကောင်နေရာရောက်နေရင် အခု အခန်းထဲမှာ ဒီလိုတွေးပြီး ဒီအကြောင်းတွေ စာရိုက်နေတဲ့ စိုင်းခမ်းထွန်းဆိုတဲ့ လူတစ်ယောက်ရှိတယ်ဆိုတာ ဘယ်လိုမှ မသိနိုင်တဲ့ အရာပဲ။ ကဲ ကျွန်တော်ကရော ... နတ်တွေ၊ ဗြဟ္မာတွေရှိတယ်ဆိုတာကို ယုံနိုင် မြင်နိုင်ဖို့ ဘာတွေများလိုမလဲ။ ကျွန်တော်ဟာ ပိုးကောင်လေးလောက်ပဲ သိမလား။ လူဆိုတာ လူမြင်နိုင်တဲ့ ဘောင်ထဲ အထိတော့ မြင်နိုင်မှာပေါ့။ လူတွေမြင်နိုင်တာထက် ဘယ်ပိုမြင်နိုင်ပါ့မလဲ။ လူတွေမြင်နိုင် သိနိုင်တာက ဘယ်လောက် အတိုင်းအတာ ထိလဲ။ ကဲ ကျွန်တော်တို့ မြင်နိုင်တဲ့ အတိုင်းအတာ ထိတော့ ကျွန်တော်တို့ ကြည့်ကြရင်၊ တွေးကြရင် မကောင်းဘူးလား။

7 comments:

Unknown said...

bro,good thinking!!!!!

မိုးမောင်(HappyCloud) said...

စိုင်းစိုင်း.. ကျနော်တော့ မြင်နိုင်သမျှအတိုင်းအတာ အကုန်တွေးမိလို့ ခက်ကုန်တယ်ဗျ။ ဟား ဟား။

ဘုန်းဘုန်း said...

ဘာသာတရားကို အခြေခံပြီး တွေးထားတဲ့ အတွေးတွေက လှပါတယ်။ အကြောင်းတရား အများကြီးကြောင့် အကျိုးတရား အများကြီးဖြစ်တာနော်။ အမြင်အာရုံကို ဖြစ်စေတဲ့ အကြောင်းတရားက (၄)မျိုး ဆိုလည်း မှန်ပါတယ်။ မျက်စိရယ်လို့ ဖြစ်လာတာ အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်၊ သင်္ခါရ၊ ကံ ကြောင့်လေ။ ဒါကလည်း အကြောင်းတရားပါပဲ။ မြင်သိစိတ် မဖြစ်ခင် ရှေ့က ဖြစ်သွားတဲ့ စိတ်ကလည်း အကြောင်းတရားတစ်ခုပါပဲ၊ အားလုံးပေါင်းလိုက်တော့ အကြောင်းတရားက (၁ဝ)မျိုးတောင် ရှိသွားပြီ။ အကျိုးတရားကလည်း မြင်တယ်။ မြင်တာ တစ်ခုတည်းတော့ မဟုတ်ဘူး။ မိဘကျေးဇူးတွေ သတိရလာတယ်။ ပိုးကောင်လေးတွေ အနန္တလို့ သဘောပေါက်လာတယ်။ ပိုကောင်လေးတွေ ထွက်ပေါက်ရှာမရသလို ငါတို့လည်း သုံးဆယ့်တစ်ဘုံကို အင်မတန်ကျယ်တယ်လို့ ထင်နေကြတုန်းပါလား။ ထွက်ပေါက်ရှာ မရကြသေးဘူး။ တွေးမိသလောက်တွေးမိတာလေးပါ။

boy said...

ohh,, god .. . u can explain A BI D MA with simple example ,i admire u so much.
human can see everything ,if they try.
soesoe

Anonymous said...

အကို သိပ်လဲ မတွေးနဲ့ဦးဗျ ချောင်သွားမယ်.. ဟီး စေတနာတွေပါနော်...။ ဒါပေမဲ့ အတွေးတွေတော့ သဘောကျတယ်ဗျာ.. ဟီပြန်ဖားရသေးတယ်..။

raybanoutlet001 said...

bengals jersey
coach outlet online
cheap mlb jerseys
cardinals jersey
jordan 8
chiefs jersey
cheap jordans
true religion outlet store
hermes belt
moncler jackets

5689 said...

zzzzz2018.8.16
adidas shoes
canada goose
manolo blahnik shoes
prada shoes
ugg boots
coach outlet
canada goose outlet
air jordan 8
michael kors handbags
ralph lauren uk