
ယခု ဖိလစ်ပိုင် နိုင်ငံ၏ အရှေ့ဖက် ပင်လယ်ပြင်နှင့် အနောက်ဖက် ပင်လယ်ပြင်တွင် မုန်တိုင်း ၂ ခု ဖြစ်ပေါ်နေသည်။ အမွှာမုန်တိုင်း ၂ ခုဟုဆိုနိုင်သည်။ တစ်ခုမှာ ချန်ဟွမ် (Chan Hom) အမည်ရှိ tropical strom ဖြစ်ပြီး။ နောက်တစ်ခုမှာ ခူဂျီရာ (Kujira) အမည်ရှိ တိုင်ဖွန် မုန်တိုင်းဖြစ်သည်။ ချန်ဟွမ်မှာ သိပ်မပြင်ထန်လှပါ။ မေ ၉ ရက်နေ့ လောက်တွင် ဖိလစ်ပိုင် နိုင်ငံကို ၀င်ရောက်မည်ဟု ခန့်မှန်းထားသည်။ ခူဂျီရာမှ စူပါတိုင်ဖွန် (တစ်နာရီ မိုင် ၁၃၅ မိုင်ကျော်) အဖြစ် ပြင်ထန်လာမည်ဟု ခန့်မှန်းထားသည်။ ကံကောင်းသည်မှာ ထို ခူဂျီရာက ဖိလစ်ပိုင် အရှေ့ဖက် ပင်လယ်ပြင်မှ အစပျိုးကာ အရှေ့မြောက်ဖက်သို့ ဦးတည်ရွေ့လျားမည်ဟု ခန့်မှန်းထားသည်။ ထို့လမ်းကြောင်းက ဖိလစ်ပိုင် နိုင်ငံကို မဖြတ်ပဲ ပင်လယ်ပြင်ထဲတွင်ပဲ မုန်တိုင်းကြီး ဖြစ်မည်ဖြစ်သည်။ ထိုနေရာ တစ်လျောက် သင်္ဘောများ ဖြတ်မမောင်း မိအောင်တော့ ကြိုတင် သတိပေးကြရပေမည်။ အလွန့် အလွန်ကို ပြင်ထန်သည့် မုန်တိုင်းဖြစ်သည်။

သိပ်မပြင်းထန်သည့် ချန်ဟွမ်မုန်တိုင်း

စူပါတိုင်ဖွန်မုန်တိုင်းကြီး ခူဂျီရာ
လေ့လာစရာလင့်များ

ချန်ဟွမ် နှင့် ခူဂျီရာ မုန်တိုင်း

ခူဂျီရာ

ချန်ဟွမ်
No comments:
Post a Comment