April 14, 2008

ရေလောင်းရတာပျော်စရာလား

ကျွန်တော်ငယ်ငယ်က ရေလောင်းရတာပျော်ဖူးတယ်။ ပူစီဖောင်းရှည်ရှည်လေးတွေထဲ ရေတွေထည့်ပြီး ရေပူဖောင်းတွေလုပ်ပြီး ပစ်ရတာ ၇ နှစ် ၈ နှစ်သား အရွယ်လောက်ပဲ ထင်ပါတယ်။ သေချာလည်း မမှတ်မိတော့ပါဘူး။ နောက်ပိုင်း သင်္ကြန်တွေမှာ ကျွန်တော် ရေမကစားဖြစ်တော့ဘူး။ မန္တလေးသင်္ကြန်ကို ၃ ခါကြုံပြီးပြီ။ သိပ်စည်တာပဲ။ ရေပက်ခံတော့ မထွက်ဖြစ်ဘူး။ ခြေလျှင်လျှောက်လည်ဖြစ်တယ်။ ဟိုမဏ္ဍပ် ဒီမဏ္ဍပ် မှာ ဆိုကြကကြတာလိုက်ကြည့် ရေပက်တာလိုက်ကြည့်ပေါ့။ ကားနဲ့ လိုက်လည်ရမှာ ပျင်းစရာကြီးလိုပဲ။ ဒုက္ခကဖြစ်သေး။ ကားပျက်ရင် ကားတွန်းရ။ လိပ်လို ရွေ့ရွေ့နဲ့ သွားနေတဲ့ ကားနဲ့ စိတ်မြန်တဲ့ ကျွန်တော်နဲ့ ဘယ်လိုမှ မဖြစ်ဘူး။

မန္တလေးသင်္ကြန်မှာ ပျော်ကြသူတွေတော့ အများကြီးပါပဲ။ အဆိုတော်တွေ ရုပ်ရှင်မင်းသားတွေ၊ မော်ဒယ်တွေ ပွဲထုတ်ကြတဲ့ အချိန်ကောင်းပေါ့။

ရေပက်ကြတဲ့ နေရာမှာ .... ပြောစရာလေးတွေတော့အရှိသား ... ပြောမနေတော့ပါဘူး။ ပျော်ချင်တဲ့ လူပျော်ပေါ့။

ကျွန်တော်က ရေလောင်းရင်ထွက်ပြေးတဲ့ အကျင့်ရှိတယ်ဗျ။ ကျွန်တော်လည်း လောင်းလေ့မရှိဘူး။ ကျွန်တော့် ချစ်တဲ့ ကောင်မလေး တစ်ယောက်ကို တော့ သင်္ကြန် မကျသေးဘဲ ရေလောင်းဖူးပါရဲ့။ ..