သံဃာတော်များက စစ်သား နှင့် ရဲ ကို ရှိခိုး ဦးချ နေသည့်ပုံ ကို တွေ့ရသည်မှာ -
၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး ဖြစ်စဉ်က (၁) ခါ၊ ယခု လက်ပံတောင်းတောင် အရေး ဖြစ်နေစဉ် (၁) ခါ။ (၂) ခါ ရှိပြီ။
ထိုသို့ ရှိခိုးခြင်းသည် သင့်မသင့် ဆင်ခြင်သတိရှိစေလို၍ ဤပို့စ်ကို ရေးရခြင်းဖြစ်ပါသည်။
ပိဋကတ်တော်၊ ဝိနည်းပိဋကတ်၊ စူဠဝဂ်ပါဠိတော်တွင် "ရှိမခိုးထိုက်သော ပုဂ္ဂိုလ် စသည်" အကြောင်း အောက်ပါအတိုင်း ဖော်ပြပါရှိပါသည်။
ရဟန်းတို့သည် လူကို ရှိမခိုးအပ်ဟု ဆိုပါသည်။
ဘုရားတားမြစ်သော အလုပ်ကို မလုပ်သင့် သတိထားသင့်ကြသည်။
အထက်ပါပုံကဲ့သို့ ရှိခိုးခြင်းသည် "လူတို့ကို အကြည်ညို တိုးစေနိုင်မည်လား၊ ယုတ်လျော့စေမည်လား" ဆိုသည်ကို ဆင်ခြင်သင့်ကြသည်။
"ကျွန်ုပ်တို့ ကိုးကွယ်ရာအဖြစ် ထားသော သံဃာတော်အချို့သည် အထက်ပါပုံကဲ့သို့ ရှိခိုးဦးချ ခြင်းကို လုပ်သင့်သည် ဟူသော အတွေးအခေါ်၊ အယုအဆများ ဝင်နေကြပြီ" ဆိုသည်ကို ဓာတ်ပုံက သက်သေပြနေသည်။ ထို အယူအဆ အမှားအယွင်းများကို အဘယ်သူတို့က တာဝန်ယူ ပဲ့ပြင်ပေးသင့်ကြပါသနည်း။
2 comments:
d3d19p5m33 d7k42o1u66 p6f56g3s86 r4p38j4m00 z7n74a5d48 g0c43q5c74
j5w45t2q07 m8z66o1h87 n0u52z3t35 d0l86s6h25 g6x08y7o83 k6a78u2h95
Post a Comment