September 25, 2008

ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကြိုးပမ်းသော Dell ကုမ္ပဏီ

Dell ကုမ္ပဏီက Light-emitting diode (LED) Display Screen ဖြင့် Notebook ကွန်ပျူတာ အသစ်များကို လာမည့် ၁၂ လအတွင်း ဈေးကွက်တင်တော့မည် ဖြစ်သည်။ Dell ကုမ္ပဏီ၏ ကမ္ဘာတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိန်းသော ကုမ္ပဏီဖြစ်လာရေးအတွက် အားထုတ်မှု တစ်ရပ်လည်းဖြစ်သည်။
၂၀၀၈ ဒီဇင်ဘာ ၁၅ မှစတင်ကာ Dell Latitude E-Family notebooks များကို စတင်ဈေးကွက်တင်ရောင်းချတော့မည်ဖြစ်သည်။ ပြဒါးကင်းမဲ့သော LED Backlighting နည်းပညာကို သုံးစွဲထားသည်။ တင်ပို့ရောင်းချမည့် မော်ဒယ်များမှာ Latitude E4200, E4300, E6400, E6400 ATG နှင့် E6500 တို့ဖြစ်သည်။ LED backlighting နည်းပညာသုံး Display Screen ကို စံအဖြစ် သတ်မှတ်သုံးစွဲမည်ဖြစ်သည်။

ထို့ပြင် ထို Notebook များမှာ ပျက်စီးသွားလျှင် ကြိတ်ခွဲပြီး ပြန်လည်အသုံးပြုနိုင်သော ပစ္စည်းလည်း အတော်များများပါသည်။ LED Display များသည CCFL Display ထက် ပါဝါအစား သက်သာသည်။ အရောင်အတောက်ဆုံး အချိန်၌ပင် ၄၃ ရာခိုင်နှုန်း သက်သာသည်။ အကျိုးအနေဖြင့် သုံးစွဲသူများ၏ သာမာန်အသုံးစရိတ် (လျှပ်စစ်မီးဖိုး) သက်သာသည်။ ကာဗွန်သုံးစွဲ&#