တနင်္ဂနွေသားသမီးများ
(၁) စီးပွားရေး
ကြွက်ဆံပင် အလှပြုပြင်ရေးလုပ်ငန်းထောင်ပါ ကြွက်ဦးရေ အဆမတန် တိုးပွားလာသော ရွှေမြန်ပြည်၌ မဟာစီးပွားရေး လုပ်ငန်းကြီး ဖြစ်လာပါမည်။
(၂) အချစ်ရေး
အီးမေးလ်မှ ပေးပို့လိုက်သော I LOVE YOU ကို အဟုတ်ထင်၍ ဖွင့်ဖတ်ရာမှ အချစ်ဗိုင်းရပ်မိကာ အချစ်စတင် အကောင်ပေါက်မည်။
(၃) လူမှုရေး
လမ်းသွားရင်းရယ်ပြသော လူတစ်ဦးကြုံက ပြန်ရယ်ပြရန်လိုသည်။ ထိုကဲ့သို့ မပြုမိခဲ့သော် မေတ္တာပို့ခြင်းခံရမည်။
(၄) ယတြာ
အချစ်ဗိုင်းရပ်သည် နာတာရှည်ရောဂါကိုဖြစ်စေပြီး အမြစ်ပြတ်ရန် ခက်ခဲသည့်အတွက် I LOVE YOU ဗိုင်းရပ်ကို ကာကွယ်ရန် ချောကလက် တစ်ဗူးဆောင်ထားပါ။
တနင်္လာသားသမီးများ
(၁) စီးပွားရေး
က၊ ခ၊ ဂ၊ ဃ၊ င ဖြင့်စသော ကလေးကစားစရာ ပူစီပေါင်းမှုတ်ရောင်းခြင်း၊ ခွေးကလေးများလက်ပေး သင်တန်းဖွင့်ခြင်း၊ ဂွေးသီးသုပ်ရောင်းခြင်း၊ ငှက်ကလေးများကို ယိမ်းအကသင်တန်းပို့ချခြင်းပြုပါ မုချ စီးပွားဖြစ်မည်။
(၂) အချစ်ရေး
လူပုံအလယ်တွင် လေလည်သံကြား၍ "ဟာ ဘယ်လိုလူလဲ" ဟု ပြောမိရာမှ ဇာတ်လမ်းစမည်။ ကြင်ဖက်ကောင်းဖြစ်မည်။
(၃) လူမှုရေး
ကလေးတစ်ယောက်၏ မုန့်ကို လုစားမိရာမှ အချင်းများမှု ဖြစ်နိုင်သည် ။
(၄) ယတြာ
ဗျောက်အိုးတစ်ထုပ်ဆောင်ထားပါ မတရား အော်ဟစ်ငိုကြွေးခြင်းဖြင့် တိုက်ခိုက်ခြင်းခံရပါက ဗျောက်အိုးကို အသုံးချကာ ချက်ချင်း အသံတိတ်အောင် ကြံဆောင်ပါလေ။
အင်္ဂါသားသမီးများ
(၁) စီးပွားရေး
ထူးဆန်းသော ဂါထာတစ်ပုဒ်ကို အိမ်မက်ထဲတွင် မိုက်ကယ်ဂျက်ဆင်နှင့်တူသော ဘိုးတော်တစ်ဦးက လာပေးမည်။ ထိုဂါထာကို ရွတ်ပါက ကြမ်းပိုးသည် လိပ်အဖြစ်ပြောင်းပြီး တရုတ်ပြည်သို့ တင်ပို့ရောင်းချကာ စီးပွားတက်ပါမည်။
(၂) အချစ်ရေး
ညနေခင်း လမ်းလျှောက်ထွက်ရင်း တက်နင်းမိသော ငှက်ပျောခွံကြောင့် ဖူးစာရှင်နှင့် နဖူးတိုက် ဒူးတိုက် ဖြစ်ကာ ရင်သပ်ရှု မောဖွယ်ရာ ချစ်ရေးချစ်ရာကို ကြုံမည်။
(၃) လူမှုရေး
ထိပ်ပြောင်နေသော အဖိုးကြီးတစ်ဦးအား ဘတ်(စ်)ကားမှတ်တိုင်တွင် မထင်မှတ်ဘဲ ခေါင်းပုတ် ခြေပုတ် ပြုမိသဖြင့် အချင်းများမည်။
(၄) ယတြာ
ဖရဲသီး တစ်လုံးဝယ်ကာ ဘေးတစ်ဖက် တစ်ချက်တွင်း သနပ်ခါးပါးကွက် ကွက်ပေးပြီး လက်ဖ၀ါးချည်းသက်သက်ဖြင့် ဘယ်ပြန် ညာပြန် ပါးချကာ "မှတ်ပလားဟဲ့ ... မှတ်ပလားဟဲ့ ..." ဟု အတွင်းမှ အနီရောင်သွေးများ ထွက်လာသည် အထိ ရိုက်ပေးပါ။
ဗုဒ္ဓဟူးသားသမီးများ
(၁) စီးပွားရေး
ဖယောင်းတိုင်လုပ်ရောင်းပါ။ လူများအတွက်မဟုတ်။ မှောင်ခိုလုပ်ငန်းဖြင့် တနေ့တခြား စီးပွားဖြစ်လာသော ကြွက်များကို ဖောက်သည် သွင်းရန် ဖြစ်သည်။
(၂) အချစ်ရေး
ဖူးစာရှင်နှင့် မုချတွေ့မည့် အချိန်သမယ ဖြစ်သည်။ (မအိပ်မနေ စောင့်ရန်လိုသည်။ အိပ်နေ၍ လွဲသွားလျှင် တစ်သက်လုံး လူပျိုကြီး၊ အပျိုကြီး မုချဖြစ်မည်)
(၃) လူမှုရေး
ပုတီးစိတ်နေသော အဖွားကြီးတစ်ဦး၏ ကိုယ်ပေါ် အိမ်မြှောင်တစ်ကောင် ပြုတ်ကျ၍ မတော်တရော် ယမ်းယောင်အော်သည်ကို နားနှင့်ဆတ်ဆတ် ကြားရမည်။
(၄) ယတြာ
အိမ်တွင် လက်ဖက်သုပ်ကျွေးကာ ဒါနပြုပါ။ Tom & Jerry ကာတွန်းခွေကို တစ်နေကုန်ထိုင်ကြည့်ပါ။
ကြာသပတေးသားသမီးများ
(၁) စီးပွားရေး
မယ်ဒလင်အတီးကျင့်ကာ စီးပွားရှာပါ။ ၀ါးလုံးခေါင်းကို ဗုံလုပ်တီးနိုင်သူ၊ မြေအိုးဖြင့် တေးသီနိုင်သူတို့ထံမှ စီးပွားရေးအတတ် ပညာများကို ကြိုးစားသင်ယူပါ။
(၂) အချစ်ရေး
ချစ်သူ၏ နားမလည်နိုင်မှုကို ဖြေရှင်းမရဖြစ်မည်။ (မကြိုးစားပါနှင့်၊ အချည်းနှီးသာ။) ချားရဟတ်စီးစေကာ စိတ်ဖြေခြင်းပြုပါလေ။
(၃) လူမှုရေး
အိမ်နီးချင် တစ်ဦး၏ စောင်းမြောင်းပြောဆိုခြင်းကို မခံချင်ဘဲ ကြိတ်မှိတ်ခံ ရကိန်းရှိသည်။ နံနက်စောစော ဘုရားစာ အသံကျယ်ကြီးရွတ်ပြီး ညနေ အပြန်တွင် ဘီယာမူးလာသောအဖြစ် မရှိရန် ဆင်ခြင်ပါ။
(၄) ယတြာ
အဝေးကြည့်မှန်ပြောင်း တစ်ခုဝယ်ပါ။ ချုံ့သောဘက်မှ ကြည့်ပါ။ ပြဿနာမျုားကို သေးငယ်သွားစေနိုင်သော ယတြာကောင်းဖြစ်သည်။
သောကြာသားသမီးများ
(၁) စီးပွားရေး
တောင်ပံဆေးကြောသုတ်သင်ရေး လုပ်ငန်းတည်ထောင်ပါ။ ခြင်အပေါင်းတို့အား တစ်ခါဆေး ၅၀ိ ဖြင့် ဈေးနှုန်းချိုသာစွာ ၀န်ဆောင်မှုပေးပါ။ တစ်လအတွင်း တိုက်ဆောက်ကားစီးရမည်။ ရွေးချယ်ရမည့် စီးပွားရေးအခြေစိုက်မြို့  ရန်ကုန်၊ မန္တလေး။
(၂) အချစ်ရေး
ကမ္ဘာကြီးကို လုံးသည် ပြားသည် ငြင်းခုံကြရာမှ ချစ်သူနှင့် စိတ်အခန့်မသင့်ဖြစ်မည်။
(၃) လူမှုရေး
လူပျိုကြီး၊ အပျိုကြီးများ ကောင်မလေး ၊ ကောင်လေး တစ်ဦး၏ မျက်စပစ်ခြင်းကို ခံရပြီး ကြည်နူးရမည်။ နောက်ပိုင်တွင်မှ ရောဂါကြောင့် ဖြစ်သည် ကို အမှန်အတိုင်း သိရသောအခါ အသဲကွဲမည်။
(၄) ယတြာ
ခွေးလယားသီးအပွေးများကို စာအိပ်တွင်သေချာစွာ ထည့်ပြီး အခင်ဆုံး သူငယ်ချင်းများထံ စာတိုက်မှ ပို့ပေးပါ။
စနေသားသမီးများ
(၁) စီးပွားရေး
လက်ဖက်ရည်ဆိုင်ထောင်ကာ လက်ဖက်ရည် အလကားတိုက်ပြီး စကားတစ်ခွန်းလျှင် ၅ိ နှုန်းဖြင့် ၀န်ဆောင်မှုယူပါ။ မုချအောင်မြင်မည်။
(၂) အချစ်ရေး
ချစ်သူနှင့် လိပ်ကန်တွင် လိပ်စာကျွေးခြင်းမပြုပါနှင့်။ ပြောရင်းဆိုရင်း လိပ်ခေါင်းရောဂါ အကြောင်းပြောရာမှ ကွဲကွာခြင်းအထိ ဖြစ်ပွားနိုင်သည်။
(၃) လူမှုရေး
ဘောလုံးပွဲကြည့်ရင်း အိမ်နီးချင်နှင့် ခိုက်ရန်ဖြစ်ကိန်းရှိသည်။
(၄) ယတြာ
ပါးစပ်ကို ပလာစတာကပ်ပြီး အဓိဌာန် ဥပုသ်စောင့်ရန်လိုသည်။
February 29, 2008
မတ်လ ဗေဒင်ဟောစာတမ်း
February 28, 2008
ချစ်ခြင်းအားဖြင့် ရေးသောစာ အပိုင်း (၁)
ချစ်ခြင်းအားဖြင့် ...... စိုင်းခမ်းထွန်း
.
.
.
အလွမ်းပြေ
(မပြေ၍ရေးခြင်းဖြစ်ပါသည်)
ချစ်သူရယ် (ရယ်ကို ရယ်ရပါမည် ငို၍မရပါ) ....
မင်းကို ချစ်ခဲ့သော်လည်း (ခု တခြားတစ်ယောက် ဖြစ်နေနိုင်ပါသည်)
ဖွင့်မပြောရဲတဲ့ (စကားတွေ မျိုချလိုက်သောအခါ) ...
ကိုယ့်ရဲ့ စိတ်တွေကြောင့် (ဘ၀ပြောင်းသွားပြီး)
(အီးအီးလေးတွေ ဖြစ်သွားတာကို) မင်း အပြစ်လို့ ဆိုမှာလား....။
ကိုယ် (ခေါင်းမပါသည်ကို သည်းခံပါရန်) ကတော့...
လွမ်းတဲ့စိတ်တွေကို (အကြောင်းပြပြီး)
မင်းပေးခဲ့တဲ့ (စားစရာ) ...
ဓါတ်ပုံလေး (မစင်ပုံမဟုတ်ဟုဆိုပါသည်) နဲ့ပဲ
ဖြေနေရတယ်
.
.
.
ဖြိုးငယ် ...ရေးတဲ့စာ
မေ့မရဘူး အချစ်ဦးရယ်
အတိတ်က ဖြစ်ကြောင်း (ကံ ကံ၏ အကျိုးကို ယုံကြည်ဟန်ရှိ၏)
စိတ္တဇ အက်ကြောင်းလို (ပတ်ကြားအက်ထဲ ပြုတ်ကျဖူးတဲ့ ပုရွက်ဆိတ်ပါ)
အချစ်ကျောင်းတွေ မတက်ဖူးပေမဲ့ (ကျူရှင်တက်ရင်း ရည်းစားထားခဲ့သူလေ)
ပရစ်ဖူးတွေထွက်တဲ့နွေမှာ (လက်သုတ် သုတ်စားတာ မေ့မရပါဘူး)
အချစ်ဦးနဲ့ နေဖူးတယ် (ဟီးတာတော့ ဆင်ဆာထဲ ပါသွားတယ်) ..........
(သူများဆီက ပိုက်ဆံချေခဲ့ခြင်းများအားလုံး) အိပ်မက်သာဖြစ်လိုက်ပါတော့
အဆိပ်တက်နေတဲ့ဒဏ်ရာ (ကင်းမြီးကောက်ကိုက်၍)
နှိပ်စက်တာ မခံနိုင်ဘူး (အိပ်စက်တာရော)
တရိပ်ရိပ် တက်လာတဲ့ အတွေးကို (ဒီရေလို့ ထင်ပြီး ထအပြေးမှာ)
(ကြောက်စိတ်တွေ) တဖြည်းဖြည်းလျှော့ချဖို့
ဘယ်က အားတွေ ယူရမလဲ (နံရိုးထဲက အားကိုယူပါ ကိုပိန်ပိန်) .....
ဒီမိုးတွေ ကျိန်စာမိအောင် (ကျိန်စာတိုက်တဲ့ နတ်ဆိုးလေးဖြိုးငယ်)
သူ ညှိုးခဲ့လေသလား (ဘာကိုလဲဟင်)
တိုးသွဲ့ပျော့ပျောင်း (ဘာကြီးလဲဟင်)
လျပ်ကြောင်းတွေ အလီလီထ (တော်သေး နှပ်ကြောင်းတွေဆို မျက်နှာသစ်)
ငါ့ရင်ထဲ အတိုးနဲ့ ရွာချနေတုန်းပဲ (နေ့ပြန်တိုးဆို သေပြီဆရာ) …..
ဖြေစရာမကျန်တော့တဲ့ (စာမေးပွဲမေးခွန်း)
(တစ်ပုဒ်မျှ မရတော့) သေရွာပြန် အတိတ်တို့ အတွက်
နေရာမှာပဲ ပြန်အိပ်လိုက်ရင် (စိတ်ပုတီး စိတ်မယ်ကြံ)
(အိပ်ဆေးနဲ့ အတင်းအိပ်တော့) ရင်ခုန်သံတို့ တိတ်စေရဲ့
ကြိတ်မှိတ်ကာ ဆုတောင်းမိသေးတယ် (သေတော့ မသေပါစေနဲ့)…..
နောက်ဆုံးတော့ (ကြံရာ မရတာနဲ့) ....
(မနှဲလေးရဲ့) နတ်တေးသံပြိုင်ပြိုင်မနှောပဲ
ဝိဥာဉ်တွေ ခြွေတဲ့တောမှာ (သိုင်းလောကစိန်ခေါ်သံမှ လင်းနို့မင်း ရောက်မလာခင်)
(ရှမ်းခေါက်ဆွဲကောင်းကောင်းနဲ့) ခေါစာတွေ ပစ်ကျွေးလိုက်ရတယ်
(ဗေဒင်ဆရာနဲ့) ဓါတ်ရိုက်ထားတဲ့နှလုံးသားကိုပေါ့……
.
.
.
“ စာမျက်နှာ အမှတ် ___ ”
ကျစိမ့်တခွက် (၁၇၀ိ) နဲ့
ငါ့ မနက် (၁၀ နာရီး ခွဲအပြီး) ဖဲကြိုးဖြတ်ခဲ့ (တုန်းက အိပ်ရေးမ၀သေးတာတွေ) ..
ဘ၀က စာဖတ်နေတုန်း (ချီရွန် က ၀လုံးတွေရေးတယ်)
အသက်က ၂၀၀ တစ်ဝက် သာနေရရင် …. ဖွာ နေတဲ့ ဆေးလိပ်တို (တင်မိုး ငိုရင်ပြန်ပေးမယ်)
မာတိကာ မပါတော့ (မာတုကာမ ကိုပဲ ချစ်လိုက်ရ)
ဘယ်စာမျက်နှာမှ (ကျော်ဖတ်ရင် အဆင်ပြေမလားစဉ်းစားရင်း)
နင်နဲ့ငါ (အစားထိုးပြီး) ပေါင်းရပါ့မလဲ
ခုချိန်တော့ (အိပ်ခါနီးမို့) .. ..
အလွမ်း (တေးတစ်ပုဒ် ကိုဆိုရင်း) ခွေး တစ်အုပ်နဲ့
( ငါ့ညကို ) လိုက်လိုက် ဟောင်ရတာ ……..
မိုးချုပ် (လာတာနဲ့ ခွေးတစ်အုပ်ကို ငါဗိုလ်လုပ်ရင်) တ ... ၀ုတ် ... ၀ုတ် နဲ့ ဟောင် လိုက်ပါတယ်
.
.
.
Saing Khan Tun
တခြားလုပ်စရာလေးတွေရှိနေလို့
အကြောင်းအရာလေးရအောင် အော်ပေးကြပါ။
Saing Khan Tun
February 23, 2008
February 21, 2008
သူတို့ဆီက ဟာသ အပိုင်း (၆)
ရောက်ရောက်ချင်း ဆောက်နဲ့ထွင်း
တစ်ခါက မြို့ နယ်အုပ်ချုပ်ရေးမှူး တစ်ဦးက မြို့ နယ်ကိုယ်စာလှယ် တစ်ဦးခန့်ဖို့အတွက် အင်တာဗျူးတစ်ခုလုပ်တယ်။ မစ္စတာဂူးမာကို အင်တာဗျူးတော့ .....
မြို့ နယ်အုပ်ချုပ်ရေးမှူး ။ ။ "ဟုတ်ပြီ မောင်မင်းရေ .....တစ် နဲ့ တစ် ပေါင်းရင် ဘာရလဲ ကဲဖြေကွာ။"
မစ္စတာဂူးမာ ။ ။ "ဆယ့်တစ် ရပါတယ်။"
မြို့ နယ်အုပ်ချုပ်ရေးမှူး ။ ။ "ငါဆိုလိုတာ အဲဒါတော့ မဟုတ်ဘူး။ ဒါပေမယ့် မင်းမှန်တယ်။ အင်း... နောက်မေးခွန်း တစ်ခုကွာ။ ရက်သတ္တပတ်တစ်ပါတ်မှာ T နဲ့ စတဲ့ ရက်က ဘယ်ရက်တွေလဲ။"
မစ္စတာဂူးမာ ။ ။ "ဒီနေ့ (Today) နဲ့ မနက်ဖြန် (Tomorrow) ပါ။"
မြို့ နယ်အုပ်ချုပ်ရေးမှူးဟာ သူဘယ်တုန်းကမှ မစဉ်းစားမိခဲ့တဲ့ အဖြေအတွက် အံ့သြတကြီး ဖြစ်သွားတယ်။
မြို့ နယ်အုပ်ချုပ်ရေးမှူး ။ ။ "ဒီတစ်ခါသေသေချာချာနားထောင်။ အေဗရာဟင်လင်ကွန်းကို ဘယ်သူ သတ်တာလဲ။"
မစ္စတာဂူးမာဟာ အထိတ်တလန့်ဖြစ်သွားပြီး အချိန်တော်တော်ကြာအောင် စဉ်းစားနေတယ်။ နောက်ဆုံး မစ္စတာဂူးမာဟာ"ကျွန်တော် မသိပါဘူးလို့" ၀န်ခံလိုက်တယ်။
မြို့ နယ်အုပ်ချုပ်ရေးမှူး ။ ။ "ဒါလေးတောင် မသိဘဲနဲ့များ မင်းက ဘာကြောင့် ခုထိ အိမ်မပြန်သေးဘဲ ဒီမှာဘာဆက်လုပ်နေတာလဲ"
မစ္စတာဂူးမာဟာ အင်တာဗျူးက ထွက်လာပြီး သူ့ရလဒ်ကို စောင့်နေတဲ့ သူ့သူငယ်ချင်းတွေဆီ ရောက်တော့ ... သက်ပြင်းမောကြီး တစ်ခုကိုချလိုက်ရင်း ...
"ငါတော့ ဒုက္ခ အကြီးအကျယ်ရောက်ပြီဟေ့။ အလုပ်လုပ်ဖို့ စတဲ့နေ့မှာပဲ လူသတ်မှုကြီးတစ်ခုမှာ ပတ်သက်မိရက် ဖြစ်နေပြီ။"
.
.
.
.
Saing Khan Tun
ဖွင့်ပေးလိုက်တဲ့တံခါး
လောကမှာ .....
ပျော်စရာကြီးပဲမပေးနိုင်ဘူး
ဒုက္ခ အတူတူခံနိုင်လား ...
အဲဒါမှချစ် .....
-
ကျွန်တော်ပညာရင်နို့သောက်စို့ခဲ့ရာ အင်းတော် အထက ကျောင်းသည် ကျွန်တော့် ဘကြီးကံ (ကျွန်တော်ခေါ်သလိုရေးသည်) အိမ်နှင့် သိပ်မဝေးလှပါ။ ကျောင်းဝင်းနှင...
-
Is the mind a form of energy or a controller of energy?







