September 21, 2008
September 14, 2008
ကိုယ်ဘယ်နေ့  သေမလဲ သိချင်ကြပါသလား
ကျွန်တော့်သူငယ်ချင်း ချင်းကလေးဆွမ်ပိက ဒီနေ့ Gtalk ကနေပို့လာတယ်။ သင်ဘယ်နေ့သေမလဲဆိုပြီးတော့။ စိတ်ဝင်စားလို့ ၀င်ကြည့်မိတယ်။ ဒီလိုထွက်လာတယ်ဗျ။

ကဲစမ်းကြည့်ချင်တယ် သိချင်တယ်ဆို အောက်က ပုံကို Click ပါဗျာ။

ကဲစမ်းကြည့်ချင်တယ် သိချင်တယ်ဆို အောက်က ပုံကို Click ပါဗျာ။
September 13, 2008
September 10, 2008
အချစ်မှာ အပြစ်မရှိ
တခါတရံ အချစ်သည်
ဆင်ခြင်ဉာဏ်ရှိမှုကြောင့် ကွဲကြေ၏။
တခါတရံ အချစ်သည်
ဆင်ခြင်ဉာဏ်မဲ့မှုကြောင့် ကွဲကြေ၏။
တခါတရံ အချစ်သည်
ဆင်းရဲမှုကြောင့် ကွဲကြေ၏။
တခါတရံ အချစ်သည်
ချမ်းသာမှုကြောင့် ကွဲကြေ၏။
တခါတရံ အချစ်သည်
ငယ်ရွယ်မှုကြောင့် ကွဲကြေ၏။
တခါတရံ အချစ်သည်
အရွယ်လွန်မှုကြောင့် ကွဲကြေ၏။
တခါတရံ အချစ်သည်
မာနကြောင့် ကွဲကြေ၏။
ကွဲကြေစေမှု အကြောင်းများစွာ
ခွဲချေသူပေါင်းများစွာ
မိမိကိုယ်တိုင်းလည်းခွဲချေရာ
အကွဲအကြေခံရာ
အချစ်မှာ အပြစ်မရှိ။
ဆင်ခြင်ဉာဏ်ရှိမှုကြောင့် ကွဲကြေ၏။
တခါတရံ အချစ်သည်
ဆင်ခြင်ဉာဏ်မဲ့မှုကြောင့် ကွဲကြေ၏။
တခါတရံ အချစ်သည်
ဆင်းရဲမှုကြောင့် ကွဲကြေ၏။
တခါတရံ အချစ်သည်
ချမ်းသာမှုကြောင့် ကွဲကြေ၏။
တခါတရံ အချစ်သည်
ငယ်ရွယ်မှုကြောင့် ကွဲကြေ၏။
တခါတရံ အချစ်သည်
အရွယ်လွန်မှုကြောင့် ကွဲကြေ၏။
တခါတရံ အချစ်သည်
မာနကြောင့် ကွဲကြေ၏။
ကွဲကြေစေမှု အကြောင်းများစွာ
ခွဲချေသူပေါင်းများစွာ
မိမိကိုယ်တိုင်းလည်းခွဲချေရာ
အကွဲအကြေခံရာ
အချစ်မှာ အပြစ်မရှိ။
September 9, 2008
September 8, 2008
ချစ်သူသည် လရောင်အောက်၌ လမ်းလျှောက်လို၏။
သို့သော် လမိုက်ညတည်း။
ကျွန်ုပ် မစွမ်းဟု အားမလျော့ပါ။
ချစ်သူကို အမောပြေအောင်အိပ်စေပြီး။
တစ်ကိုယ်တည်း ပိုးစုန်းကြူးငယ်တို့ကို စုကာ ညမီးပုံးလုပ်နေပါသည်။
ချစ်သူတစ်ရေးနိုးချိန်၌ ပျော်စေနိုင်လိမ့်မည် ဟူသော ယုံကြည်ချက်ဖြင့် အိပ်စက်ခြင်းကို မေ့၏။
ဤသည်မှာ ချစ်သူပျော်ဖို့တည်း။

September 1, 2008
P & ID Drawing ဖတ်ရှုနည်းကို
P & ID (Piping and Instrumentation Diagram) ဖတ်ရှုနည်းကို တင်ပြပါမည်။ နိုင်ငံခြား အလုပ်ထွက်လုပ်သူများနှင့် နောင်တစ်ချိန် အမိနိုင်ငံတွင် မဖြစ်မနေ အသုံးပြုကြရမည့် ပညာရပ်နယ်ပယ်တစ်ခု ဖြစ်ပါသည်။ အခန်းဆက်လိုက်တင်ပြသွားပါမည်။
P & ID Drawing ဆိုသည်မှာ လောင်စာနှင့်ဓာတု စက်ရုံများ၊ ဓာတ်ငွေ့စက်ရုံများ၊ ဓာတ်အားပေးစက်ရုံများ၊ ရေသန့်စင်စက်ရုံများ၊ ရေနံချက်စက်ရုံများရှိ လုပ်ငန်းစဉ် အဆင့်ဆင့်၌ တပ်ဆင် အသုံးပြုထားသော ပိုက်များ၊ စက်ပစ္စည်းများ၊ ထိန်းချုပ်ရေးပစ္စည်းများ၊ တိုင်းတာရေးပစ္စည်းများ၏ ဆက်သွယ်တပ်ဆင်ထားမှုကို ရေးဆွဲပြထားသော ပုံများဖြစ်သည်။
Instrument Indentifiers
Measured Variable
F = Flow
L = Level
P = Pressure
Q = Quantity
T = Temperature
Type of Conditioner
R = Recorder
I = Indicator
C = Controller
A = Alarm
Type of Component
T = Transmitter
M = Modifier
E = Element

Subscribe to:
Posts (Atom)
-
ကျွန်တော်ပညာရင်နို့သောက်စို့ခဲ့ရာ အင်းတော် အထက ကျောင်းသည် ကျွန်တော့် ဘကြီးကံ (ကျွန်တော်ခေါ်သလိုရေးသည်) အိမ်နှင့် သိပ်မဝေးလှပါ။ ကျောင်းဝင်းနှင...
-
Is the mind a form of energy or a controller of energy?