
March 21, 2011
ကျွန်တော်နှင့် ဘိုးလင်း (2)

March 10, 2011
ကျွန်တော်နှင့် ဘိုးလင်း
Singapore MRT.
ဘိုးလင်း ဆိုတဲ့ကောင်နဲ့ ကျွန်တော်နဲ့ လုံးဝ အစေးမကပ်။ သူနှင့် ကျွန်တော်တွေ့တာ ၂ ခါရှိပြီ။ တစ်ခါမှ အဆင်တပြေ ဖြစ်ခဲ့သည်မရှိ။ ဒီကောင့်ကို တွေ့ဖို့ တကူးတက သွားရသည်။ ကျွန်တော်က တွေ့ချင်သည်လည်း မဟုတ်။ ကုမ္ပဏီက သွားခိုင်၍ သွားရခြင်းဖြစ်သည်။ စိတ်မပါ လက်မပါနှင့် ကျွန်တော်သွားရသည်။ မသွား၍လည်း မကောင်း။ ကျွန်တော့်အထက် အရာရှိက ကုမ္ပဏီက လုပ်သည့် အသင်းအဖွဲ့ဆို ကိုယ်စိတ်မပါလည်း သွားရသည် ဟု ဆိုသောကြောင့်တာ ဒီကောင် ဘိုးလင်း နဲ့တွေ့ခြင်းဖြစ်သည်။ ဘယ်လိုမှ ကြည့်မရသည့်ကောင်ကို အလုပ်ဆင်းပြီး တကူးတက သွားတွေ့ရသည်။
သူနေတာက ကုလား-မြန်မာ ချစ်ကြည်ရေးဘူးတာနားမှာ ဘူတာနာမည်က ဘူခစ်-ဘတုတ်။ ကုလားလေးဘူခစ် နဲ့ ကိုဘတုတ် ကို အမှတ်တရ ခေါ်ထားတဲ့ နာမည်။ အဲလိုပဲ EX-RIT အစ်ကိုကြီး ကိုဘကျော်တို့ အုပ်စု သင်္ကြန်မှာ ပြောသွားတာ မှတ်လိုက်ရသည်။ ဟုတ်မဟုတ်တော့ အာအိုင်တီ စက်မှုကျောင်းသား ဟောင်းကြီးဖြစ်သော ကိုဘကျော် ကိုသာ မေးကြည့်စေချင်သည်။
Subscribe to:
Posts (Atom)
-
ကျွန်တော်ပညာရင်နို့သောက်စို့ခဲ့ရာ အင်းတော် အထက ကျောင်းသည် ကျွန်တော့် ဘကြီးကံ (ကျွန်တော်ခေါ်သလိုရေးသည်) အိမ်နှင့် သိပ်မဝေးလှပါ။ ကျောင်းဝင်းနှင...
-
တစ်ခါက မျက်မမြင်ဘ၀ကို သိပ်ကို နာကျည်း ရွံမုန်းမိနေတဲ့ မျက်မမြင်မလေးတစ်ယောက်ရှိတယ်။ သူချစ်တဲ့ ကောင်လေးမှတစ်ပါး လူတွေအားလုံးကို သူမုန်းတယ်...