တရားအားထုတ်ကြသော ပုဂ္ဂိုလ်အပေါင်းတို့အား သတိမူနိုင်ကြစေရန်အတွက် -
မိုးညှင်းဆရာတော်ဘုရားကြီး ဆုံးမတော်မူသော ဝိပဿနာဉာဏ်၏ ညစ်ညူးကြောင်း အန္တရာယ် ၁၀ ပါးကို ဖော်ပြလိုက်ပါသည်။
မိုးညှင်းဆရာတော်ဘုရားကြီး ဆုံးမတော်မူသော ဝိပဿနာဉာဏ်၏ ညစ်ညူးကြောင်း အန္တရာယ် ၁၀ ပါးကို ဖော်ပြလိုက်ပါသည်။
- (၁) အရောင်အလင်းများ ပေါ်ပေါက်ခြင်း၊
- (၂) ခန္ဓာကိုယ်ပေါ့ပါးနေသဖြင့် နှစ်သက်နေခြင်း၊
- (၃) ကိုယ်စိတ် ငြိမ်အေးနေခြင်း၊
- (၄) ယုံကြည်သော သဒ္ဓါတရားများ တိုးပွားနေခြင်း၊
- (၅) အလွန့်အလွန် ၀ီရိယစိုက်၍ အားထုတ်ခြင်း၊
- (၆) ကိုယ်ရောစိတ်ပါ ချမ်းသာနေခြင်း၊
- (ရ) သဘာဝတရားတို့ ဉာဏ်၌ အလွန်ထင်ရှားနေခြင်း၊
- (၈) အလွန်ထင်သော သတိရှိနေခြင်း၊
- (၉) ရုပ်တရားအပေါ်မှာ ၀တ်ကျေဝတ်ကုန်မျှသာ ရှုခြင်း ဟူသော လျစ်လျူရှုခြင်း၊
- (၁၀) ၎င်း ၉ - ပါးတို့တွင် တစ်ပါးပါးကို သာယာနေခြင်း သည်သာလျှင် နိကန္တိ-၀ိဿနာ၏ ညစ်ညူးကြောင်း အစစ်မည်၏။